ရီးယဲလ်မက်ဒရစ်တောင်ပံတိုက်စစ်ကစားသမား ဘေးလ်ဟာ စပိန်မြေမှာအဆင်မပြေမူတွေနဲ့ ရင်ဆိုင် နေရာတာ ပြီးခဲ့တဲ့ရာသီကတည်းကဖြစ်ပါတယ်။
အသင်းပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်ခဲ့ပြီး နည်းပြ ဇီဒန်းကိုယ်တိုင်က ရောင်းချတော့မယ်လို့ ဖွင့်ဟခဲ့ဖူးတဲ့အထိ ဖြစ်ခဲ့ပေမယ့်လည်း သူ့ရဲ့ ပြောင်းရွှေ့ ကြေးနဲ့ လုပ်ခကို ပေးချေနိုင်မယ့်အသင်းမရှိခဲ့တာကြောင့် မက်ဒရစ်မှာပဲ ဆက်ကစားနေခဲ့ရတာဖြစ် ပါတယ်။

မက်ဒရစ်မြေမှာဒဏ်ရာပြဿနာတွေရှိခဲ့သလို နည်းပြဇီဒန်းနဲ့လည်း အစေးမကပ်တော့တဲ့ ဘေးလ်ကို အသင်းဟောင်း စပါးကလည်း စိတ်ဝင်စားမူရှိနေတာဖြစ်ပါတယ်။ အင်္ဂလန်နဲ့ စပါးဂိုးသမားဟောင်းဖြစ် သူ ရော်ဘင်ဆင် ကတော့ ဂါရတ်ဘေးလ်သာ အသင်းဟောင်းကိုပြန်လာမယ်ဆိုရင် ပြီးပြည့်စုံမယ့် ခေါ်ယူမူဖြစ်လာနိုင်ပြီး ဘေးလ်ရဲ့ အကောင်းဆုံးခြေစွမ်းကို ထုတ်ဖော်နိုင်သူဟာ မော်ရင်ညိုတစ်ဦးသာ ရှိတယ်လို့ ရော်ဘင်ဆင်က သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။
ဂိုးသမားဟောင်းရော်ဘင်ဆင်က “ ဘေးလ်အနေနဲ့ တော့်တင်ဟမ်ကိုပြန်ရောက်လာမယ်ဆိုရင်တော့ ကျွန်တော် အလွန်သဘောကျမိမှာပါ။ဂါရတ်ဘေးလ်ရဲ့အကောင်းဆုံး ခြေစွမ်းကို ထုတ်ယူနိုင်တဲ့ နည်း ပြ ဟာမော်ရင်ညိုပါပဲ။ ခရစ္စတီယန်အဲရစ်ဆင်ကို ဆုံးရူံးရတော့မယ့်အခြေအနေဟာ ဂိုးဖန်းတီးမူ အပိုင်းမှာ ကျဆင်းလာနိုင်တယ်။ဒီလိုအချိန်မှာ ဘေးလ်ကို လက်မှတ်ထိုးခေါ်ယူလိုက်မယ်ဆိုရင် အချိန် သင့်နေရာသင့်ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ပရိသတ်တွေအတွက် အလွန်ကြီးမားတဲ့ပျော်ရွှင်မူ ရရှိစေလိမ့်မယ်” လို့ ရော်ဘင်ဆင်ကသုံးသပ်ပြောပြသွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ၂၀၁ဝကနေ ၂၀၁၃ ခုနှစ်အထိကိုင်တွယ်ခဲ့ပြီး မော်ရင်ညို ထွက်ခွါချိန်မှာ ဂါရတ်ဘေးလ်က စပါးအသင်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မက်ဒရစ်မြေ ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ရီးယဲလ်မက်ဒရစ်အသင်းမှာ မဆုံဖြစ်ခဲ့ကြတဲ့ မော်ရင်ညိုနဲ့ ဘေးလ်ဟာ စပါးအသင်းမှာ ပြန်ဆုံမလားဆိုတာကတော့ စောင့်ကြည့်သွားရ မှာဖြစ်ပါ တယ်။
Jack ( Sports Reader )