Sponsored
၁၃ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတသောင်းဆုကို နေပြည်တော် မြို့မဈေးမှ ကိုခိုင်စိုးသူနှင့် မဇာဇာဖြိုး မိသားစုတို့က ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

“ကျွန်တော် ဒီလ ထီက ထိုးတာမဟုတ်ဘူး။ ကျွန်တော်ကထီရောင်းတာပါ။ ကျွန်တော့်ထီကနေမှ ပြန်ပေါက်တာပါ”ဟု ကိုခိုင်စိုးသူကပြောသည်။

ကိုခိုင်စိုးသူမှာ နေပြည်တော်မိသားစု ပရဟိတအသင်းဝင်တဦးဖြစ်ပြီး ၎င်း၏အသင်းအတွက် ကားလှူဒါန်းသွားမည်ဟုလည်း သိရသည်။၎င်းအနေဖြင့် ထီရောင်းချသည်မှာ ၈လခန့်သာရှိသေးကြောင်းသိရသည်။
Sponsored

Sponsored