Covid-19 ရောဂါကြောင့် အမေရိကန်ပြည်သူ ၂သိန်းလောက်အသက်ဆုံးရှုံးနိုင်တယ်လို့ အစိုးရ ကူးစက်ရောဂါဆိုင်ရာ ပါရဂူ Fauci က မတ်လ ၂၉ ရက်နေ့က သတိပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်း နယူးယော့ခ် ၊ နယူးအော်လန် နဲ့ အခြား အဓိကမြို့ကြီးတွေမှာ ဆေးဝါးတွေမကြာမီပြတ်တောက်တော့မယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ယခုခန့်မှန်းချက်ကို အမေရိကန်အမျိုးသားကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲ Dr. Anthony Fauci က CNN သတင်းဌာနဲ့ ရဲ့ မေးမြန်မှုမှာ ပြန်လည်ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်တွေထဲမှာ အမေရိကန်ပြည်သူ အယောက် ၁ သိန်းကတေ ၂ သိန်းကြား သေဆုံးးနိုင်တယ်လို့ပါရှိပါတယ်။
၂၀၁၀ ခုနှစ်ကတည်းက ရာသီတုတ်ကွေးတွေကြောင့် တစ်နှစ်ကို အမေရိကန်ပြည်သူ ၁၂,၀၀၀ ကနေ ၆၁,၀၀၀ ကြားသေဆုံးနေကြရပါတယ်။ သမိုင်းကိုပြန်လေ့လာကြည့်ပါကလည်း ၁၉၁၈-၁၉ ရောဂါကပ်တုန်းကလည်း အမေရိကန် ပြည်သူ ၆၇၅,၀၀၀ ဦး အသက်ပေးခဲ့ရပါတယ်။
လတ်တလော အမေရိကန်ရဲ့ သေဆုံးမှု ၂၁၀၀ ဖြစ်သွားရခြင်းဟာ အသက်ရှူဖေးကူကိရိယာမလုံလောက်တာဖြစ်ပါတယ်။ ယခုသေဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကထက် နှစ်ဆဖြစ်လာတာလည်းဖြစ်ပါတယ်။ ကူးစက်ခံရမှုနှုန်းမှာလည်း ၁၂၃,၀၀၀ ဦးနဲ့ ထိပ်ဆုံးကိုရောက်ရှိနေပါတယ်။ နယူးယောက်မြို့အတွက်တင်အသက်ရှူဖေးကူကိရိယာ အခုရာချီလိုအပ်နေပြီး Masks နဲ့ အကာအကွယ်ဝတ်ဆုံတွေ ဧပြီ ၅ ရက်နေ့မတိုင်ခင် အများအပြားလိုအပ်နေပါပြီလို့ မနေ့က သတင်းစာဆွေးနွေးပွဲမှာ မြို့တော်ဝန်ကဖွင့်ဟခဲ့ပါတယ်။ နယူးအော်လန်မှာလည်း ဧပြီ ၄ ရက်နေ့လောက်ဆို ဆေးရုံသုံးအကာအကွယ် ပစ္စည်းတွေပြတ်လပ်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အစိုးရရဲ့ အကူအညီကိုလိုအပ်နေပြီး ယခုအချိန်အထိတော့ အခြေအနေမထူးသေးဘူးလို့ပြောပါတယ်။ Louisianan မှာတော့ ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ အသက်ရှူဖေးကူကိရိယာ ၁၂,၀၀၀ မှာယူထားပြီး လောလောဆယ် ၁၉၂ လုံးလက်ခံရရှိပြီလို့လည်းသိရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးက ” ကျွန်တော်အတတ်နိုင်ဆုံး ဆေးရုံ ပစ္စည်းတွေ ထပ်ဖြည့်နိုင်အောင်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ပြည်နယ်အစိုးရ ရန်ပုံငွေထဲက တတ်နိုင်သမျှအသုံးပြုသွားပါမယ်။ ဘာလို့လည်း ဆိုတော့ ပြည်သူတွေ ခံစားနေရတာတွေတွေးမိတိုင်း ညဘက်လန့်လန့် နိုးနေတယ်ဗျာ” လို့ ပြောကြားပါတယ်။
ကုသပေးနေရတဲ့ ဆရာဝန်တွေအနေနဲ့လည်း ကိုယ်စွမ်းညဏ်စွမ်းရှိသမျှကြိုးစားနေကြပြီး မနက်ဆေးရုံမလာခင် ကားပေါ်မှာတင် ဆုတောင်းတာကိုပြုလုပ်ရပြီး ၁၂ နာရီကျော်တဲ့ အလုပ်ချိန်တွေကို အားတင်းပြီးဖြတ်ကျော်နေရပါတယ်။ ဆရာဝန်တွေရဲ့အခြေအနေဟာ မိမိကိုရေနစ်သေဆုံးနိုင်တဲ့ အခြေအနေမျိုးမှာ အသက်ကိုလည်းရှူ ရေထဲခေါင်းမနစ်သွားအောင်လည်း ကူးခတ်နေရသလိုပါပဲ။
မိမိအသက်ကော လူနာအသက်ကိုပါ ကြိုးစားကာကွယ်နေရတာပါ လို့ အရေးပေါ်ကျန်းမာရေးဌာနက Dr. Arabia Mollette ကဆိုပါတယ်။ စနေနေ့က New York, Connecticut နဲ့ New Jersey တို့မှာ အရေးပေါ်မဟုတ်ရင် ခရီးမသွားရအမိန့်ကို ၁၄ ရက်ကြာထုတ်ပြန်လိုက်ပါပြီ။
Writer- ZWP ( The Lifestyle Myanmar )
Source- CNA