YouGov ရဲ့ VAR စစ်တမ်းကို Sky Sports Digital နဲ့ Sky Sports News တို့မှာအပြည့်အဝဖော်ပြထားပါတယ်။
ဘောလုံးပရိတ်သတ် ၃ပုံ ၂ပုံဟာ Video Assistant Referees(VARs) ကပြိုင်ပွဲကို ရင်ခုန်စရာနည်းပါးစေတယ်လို့ YouGovရဲ့စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဒီနှစ်ပရီးမီးယားလိဒ်ရာသီ အစတွင် စတင်မိတ်ဆက်ခဲ့တဲ့ VAR ဟာဆိုးရွားစွာ အလုပ်လုပ်ခဲ့ပြီး ပရိသတ်၆၀ရာခိုင်နှုန်းက VAR ကို၄/၁၀ လောက်သာပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

စစ်တမ်းအရကတော့..
-၆၇ ရာခိုင်နှုန်းသော ပရိတ်သတ်တွေကတော့ VAR ကြောင့် ဘောလုံးပွဲကြည့်ရတာ ရင်ခုန်စရာမကောင်းဘူးလို့ဆိုပါတယ်။
-၆၀ ရာခိုင်နှုန်းကတော့ VAR ဟာ အလွန်ဆိုးရွားတယ်လို့ဆိုပါတယ်။
-၈ ရာနှုန်းက VAR ကိုဆက်လက်အသုံးပြုစေချင်ကြပြီးတော့ နည်းလမ်းမှန်ကန်တယ်လို့ဆိုပါတယ်
-၇၄ ရာနှုန်းကတော့ VAR ကိုဆက်လက်အသုံးပြုစေချင်ပြီး အသုံးပြုနေတဲ့နည်းလမ်းကိုသာပြင်စေချင်ပြီးတော့ နောက်ဆုံး ၁၅ ရာခိုင်နှုန်းကတော့ လုံးဝကိုအသုံးမပြုစေချင်ကြပါဘူး။
ပရီမီးယားလိဒ်ဟာ ယခုရာသီပွဲပေါင်း ၂၅၀ ကစားပြီးတဲ့နောက် VAR နှင့်ပတ်သတ်ပြီး ၎င်းကိုယ်တိုင် သုတေသနပြုလုပ်ထားတဲ့ တွေ့ရှိချက်တွေကို လာမယ့် ကြာသပတေးနေ့ လန်ဒန်မှာပြုလုပ်မယ့် ပုံမှန်အစည်းအဝေးမှာ ကလပ်အသင်းတွေကို တင်ပြသွားမှာဖြစ်ပါတယ်။
VAR စတင်မိတ်ဆက်စဉ်က ပွဲရဲ့ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်တွေကို ပိုမိုရှင်းလင်းစေရန်အတွက် ကြီးမားတဲ့မျက်နှာပြင်တွေနဲ့ သတင်းအချက်အလက်ကို ပိုမိုကောင်းမွန်စေခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဒိုင်လူကြီးတွေဟာ ပြင်းထန်ဆိုးရွားတဲ့ ပြစ်ဒဏ်ကျုးလွန်ခြင်းတွေမှာ အနီကဒ်ပြသင့်လား မပြသင့်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်တွေအတွက် pitch monitor(ဒိုင်လူကြီးတွေပြန်လည်ကြည့်ရှုရန်နေရာ)ကို မျှော်လင့်နေကြပါတယ်။

ပရီမီးယားလိဒ်ဟာ VAR ကိုဘယ်လိုအသုံးပြုတယ် ဘာကြောင့်အသုံးပြုတယ်ဆိုတာကို ရှင်းပြရန် ထောက်ခံအားပေးသည့်အဖွဲ့များနှင့် ပညာရေးဆိုင်ရာ အစည်းအဝေးများပြုလုပ်ခဲ့ပါတယ်။
YouGov ရဲ့ထပ်မံတွေ့ရှိချက်တွေကတော့…
-၇၁ ရာခိုင်နှုန်းက VAR ဆုံးဖြတ်ချက်တွေအတွက် အချိန်ကန့်သတ်ထားရှိတာကို ထောက်ခံပါတယ်။
-၈၁ ရာခိုင်နှုန်းက VAR နှင့်တပြေးညီ ဗီဒီယိုကိုကြည့်ရှုလိုကြပါတယ်။
-၇၃ ရာနှုန်းက ဒိုင်လူကြီးနှင့် VAR ရဲ့ကြားပြောစကားများကိုကြားလိုကြပြီး
-၈၀ ရာနှုန်းကတော့ pitchside monitor( ဒိုင်လူကြီး ပြန်လည်ကြည့်ရှုရန်နေရာ) တွေကိုအသုံးပြုဖို့ထောက်ခံထားကြပါတယ်။

ပွဲစဉ်တာဝန်ရှိသူတွေအပေါ် ထပ်မံဖိအားပေးမှုကို ကာကွယ်ရန်အတွက်VAR ဆုံးဖြန်ချက်တွေကို အချိန်ကန့်သတ်မထားပါ။ အပြည်ပြည်ဆိုင်ရာ ဘောလုံးအသင်းအဖွဲ့ချုပ် (IFAB) သည် ပရီမီးယားလိဒ်နှင့် အခြားပြိုင်ပွဲများအတွက် ပွဲရဲ့တာဝန်ရှိသူတွေအနေနဲ့ ဒိုင်လူကြီးမှဆုံးဖြတ်ချက်မချခင်အထိ ဗီဒီယိုကလစ်များ(သို့) ရုပ်ပုံများကို မပြသဖို့ထားဆီးထားပါတယ်။
IFAB ဟာ ဒိုင်လူကြီး(သို့) VAR မှအကူတွေဆီကို တိုက်ရိုက်အသံဆက်သွယ်ခွင့်မပြုပါဘူး၊ ဒါ့ကြောင့်လည်း ၎င်းရဲ့နှစ်ပတ်လည်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၉ရက်နေ့မှာ Belfast မြို့မှာကျင်းပသွားဖို့ရှိပါတယ်။
စစ်တမ်းအရ တင်းနစ်တွင် ၇၃ ရာခိုင်နှုန်း ခရစ်ကက်တွင် ၆၇ ရာခိုင်နှုန်း ရပ်ဘီမှာ ၆၃ ရာခိုင်နှုန်းက ဗီဒီယိုနည်းပညာကို နှစ်သက်ကြတယ်လို့ဆိုပါတယ်။
YouGov ဟာ ဇန်နဝါရီလ ၁၅ရက်နဲ့ ၂၂ရက်အတွင်းမှာ ပရီမီးယားလိဒ်ပွဲများကို မကြာခဏကြည့်ရှုလေ့ရှိတဲ့ အရွယ်ရောက်ပြီး ၁၄၁၉ ဦးကိုအင်တာဗျူးခဲ့တာဖြစ်ပါတယ်…။
Writer – KTZ ( The Lifestyle Myanmar )
Source: Sky Sports