တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့က ရောက်လာသည့် လေယာဉ်ပေါ်မှ ဖျားနားသူတရုတ်တဦးအား ကိုရိုနာဗိုင်းရပ် သံသယရှိသဖြင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရန်ကန်လေဆိပ် အထွေထွေမန်နေဂျာ ဦးစိုးပိုင်က ဧရာဝတီသို့ အတည်ပြုထားတယ်လို့ သိရသည်။
ဦးစိုးပိုင်က “လေယာဉ်ပေါ်မှာ အဖျားပါလာတာ၊ ဒီရောက်တော့ ကျန်းမာရေးတာဝန်ရှိသူတွေက စစ်ပြီးတော့ ဝေဘာဂီဆေးရုံကို ခေါ်သွားတယ်လို့ သိရတယ်၊ ကိုရိုနာဗိုင်းရပ် သံသယရှိတဲ့ အဆင့်ပါပဲ၊ China Southern airline၊ ကွမ်ကျိုးကနေလာတာပါ”ဟု ပြောသည်။

ယနေ့မနက်ပိုင်းက China Southern Airline မှလေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာခြင်းဖြစ်ပြီး လတ်တလောတွင် လေယာဉ်ပေါ်ပါလာသည့် အခြားသူများအား ပေးမဆင်းသေးဘဲ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
လေယာဉ်ပေါ်မှ ခရီးသည်များကို ပေးမဆင်းသေးဘဲ ကျန်းမာရေး အဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိသည်။ လေယာဉ်ပေါ်ပါ ခရီးသည် အရေအတွက်လည်း လတ်တလော မသိရသေးပါ။
နောက်ဆက်တွဲအခြေအနေများကို ဆက်လက်တင်ပြပေးသွားပါမည်။