အမေရိကန်နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ပြည်နယ်တခုဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် မတ် ၅ ရက်နေ့က ပြည်နယ်အတွင်း ပထမဆုံးလူသေဆုံးမှုဖြစ်ခဲ့ပြီးနောက် ပြည်နယ်ကို အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
သေဆုံးသူဟာ အသက် ၇၁ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ဆက်ကာရာမန်တိုမြို့ အနီးက ဆေးရုံတခုမှာ ကုသမှုခံရင်း သေဆုံးခဲ့တာပါ။

အခုတော့ အမေရိကန်ရဲ့ပြည်နယ် ၁၆ ခုမှာ သတင်းထုတ်ပြန်ထားတဲ့ ရောဂါကူးစက်ခံရသူ လူနာပေါင်း အနည်းဆုံး ၁၅၀ လောက် ရှိနေပါပြီ။
သေဆုံးသူ အဘိုးအိုဟာ ပြီးခဲ့တဲ့လက ဆန်ဖရန်စ္စကိုကနေ မက္ကဆီကိုနိုင်ငံကို အပျော်စီးသင်္ဘောတစီးနဲ့ အလည်အပတ်သွားရောက်ခဲ့စဉ် ရောဂါကူးစက်ခံလာရတယ်လို့ ယုံကြည်ရပြီး အခုတော့ အဲဒီသင်္ဘောကို ဆန်ဖရန်စစ္စကိုဆိပ်ကမ်းမှာ ပြန်ကပ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူဦးရေ ၁၁ ဦးမှာ ၁၀ ဦးက ဝါရှင်တန်ပြည်နယ်က ဖြစ်ပေမဲ့ အခုတော့ နီဘရာစကားနဲ့ တက္ကဆတ်တို့ကိုလည်း ပျံ့နှံ့နေပါတယ်။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေက ဝါရှင်တန်နဲ့ ဖလော်ရီဒါပြည်နယ်တို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ်အခြေအနေကြေညာပြီး ဖြစ်ပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်