Coronavirus ကူးစက်မှုနှုန်းလျော့ချရန်အလို့ငှာ ဗြိတိန်မှ လွဲပြီးအခြားသော ဥရောပ နိုင်ငံသားများကို ပြည်ဝင်ခွင့် ပေးတော့မည်မဟုတ်ဟု Prsident Trump ကတရားဝင်ထုတ်ပြန်လိုက်ပါပြီ။
သတင်းတစ်ခုရဲ့အဆိုအရ ဥရောပနိုင်ငံပေါင်း ၂၆နိုင်ငံရဲ့ပြည်ဝင်ခွင့်တွေကို ရက် ၃၀ ကြာပိတ်ထားမယ်လို့ သိရပါတယ်။ သို့ပေမယ့် လတ်တလော ကူးစက်ခံရသူ ၄၆၀ ဦးရှိတဲ့ ဗြိတိန်နိုင်ငံတော့ပါဝင်လာခြင်းမရှိပါဘူး။ နောက်ဆုံးသတင်းအရ အမေရိကန်မှာ စုစုပေါင်း ၁၁၃၅ ဦးကူးစက်ခံနေရပြီး ၃၈ဦးသေဆုံးပြီးဖြစ်ပါတယ်။

မတ်လ ၁၁ ရက်နေ့ အိမ်ဖြူတော် ရုံးခန်းမှာ ပြောကြားတဲ့မိန့်ခွန်းအရ ” အခြားသောသံသယလူနာနဲ့ ဖြစ်စဉ်တွေကို ကာကွယ်ဖို့အတွက် ဥရောပနိုင်ငံတွေအတွက် ပြည်ဝင်ခွင့်ကို ပိတ်လိုက်ရတာပါ။ ဒီထုတ်ပြန်ချက်ဟာ သောကြာနေ့ကစပြီးအကျုံးဝင်မှာဖြစ်ပြီး ဥရောပရောက်အမေရိကန်နိုင်ငံသားတွေအပေါ် သက်ရောက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။ဒါ့အပြင် President Trump က ” European Union အနေနဲ့ ဒီCase ကိုသေချာကိုင်တွယ်သင့်ပါတယ်။ သူတို့ ပျက်ကွက်ခဲ့လို့ ယခုလို ဥရောပနိုင်ငံတွေကို တဟုန်ထိုး ကူးစက်ကုန်တာပါ ” လို့လည်းပြောခဲ့ပါသေးတယ်။ ယခု ပိတ်ပင်လိုက်တဲ့ ၂၆နိုင်ငံကို ” Schengen border-free ” နိုင်ငံတွေလို့ လူသိများပြီး ထိုအထဲမှာ အိုင်ယာလန်မပါဝင်ပါဘူး။ ဒါ့အပြင် Bulgaria, Croatia နဲ့ Romania တို့ဟာ Eeropean Union အဖွဲ့ဝင်နိုင်ငံဖြစ်ပေမဲ့ Border free နိုင်ငံတွေထဲမှာမပါတဲ့အတွက် ယခုထုတ်ပြန်ချက်အတွက် အကျုံးမဝင်ပါဘူး။
အစပိုင်း President Trump ရဲ့မိန့်ခွန်းတွေမှာ ဥရောပ သွင်းကုန်တွေကိုပါ ကန့်သတ်မယ်လို့ပါပေမယ့် နောက်ပိုင်းထုတ်ပြန်ချက်တွေအရ ပို့ကုန်သွင်းကုန်ကိုတော့ ယခုထုတ်ပြန်ချက်က ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ရောဂါပိုးကြောင့် ထိခိုက်နစ်နာတဲ့ လုပ်ငန်းငယ်လေးတွေကိုကူညီဖို့ ဒေါ်လာဘီလီယံနဲ့ချီပြီး အစီအစဉ်တွေဆွဲထားကြောင်းနဲ့ ရောဂာကုသမှုနှင့်ပျံ့နှံ့မှုထိန်းချုပ်ရာမှာ အသုံးပြုဖို့ လုံလောက်တဲ့ငွေပမာဏကိုလည်း လွတ်တော်မှာ ဆွေးနွေးပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ ” အမေရိကန်ပြည်သူလူထုအတွက် အစွမ်းကုန်ကြိုးစား ကာကွယ်သွားမှာဖြစ်တယ်” လို့လည်း နိဂုံးချုပ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Writer- ZWP(thelifestylemyanmar)
Source – BBC