ပိန်နိုင်ငံတွင် ၂၄ နာရီအတွင်း COVID-19 အတည်ပြုမှု တစ်ထောင်နီးပါးခန့်တွေ့ရှိခဲ့ပြီး၊ ယင်းအရေအတွက်သည် ပြီးခဲ့သည့် ရက်သတ္တပတ်လုံးတွင် အသစ်တွေ့ရှိခဲ့သော လူနာအရေအတွက်၏ ထက်ဝက်မျှရှိကြောင်းနှင့် ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာအရ အတည်ပြုလူနာ ၈၇၄၄ ဦးမျှ တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားသည်။

စနေနှင့် တနင်္ဂနွေနေ့များတွင် သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာခဲ့ပြီး ယခုအခါတွင်မူ သေဆုံးသူဦးရေမှာလည်း ၂၉၇ ဦးအထိရှိသွားပြီဖြစ်ကြောင်းသိရသည်။
စပိန်နိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် လူဦးရေ ၄၆သန်းနီးပါးကိုလည်း အိမ်တွင်သာနေကြရန် အမိန့်ထုတ်ပြန်ထားပြီး၊ ခွင့်ပြုချက်ရသူတို့သာလျှင် ဆေးဝါးနှင့် အစားအသောက်ဝယ်ရန်၊ ဆေးကုသရန်နှင့် အလုပ်သွားရန်တို့အတွက် အိမ်ပြင်ထွက်ခွင့်ရှိသည်။ တစ်နိုင်ငံလုံး lockdown ချလုနီးပါးအခြေအနေတွင်ရှိကြောင်းသိရသည်။


မြို့များတွင် စပိန်အရေးပေါ်တပ်ဖွဲ့ဝင်(Military Emergency Unit/UME)အင်အားတစ်ထောင်ခန့်ကိုလည်း လှည့်လည်စောင့်ရှောက်ကြရန်အတွက် တာဝန်ချထားသည်။
Source: Daily Mail