သရုပ်ဆောင် အေးမြတ်သူကတော့ မန်းရွှေစက်တော်ဘုရားသွားရင်း မန်းချောင်းထဲမှာ ထမီရင်လျားနဲ့ ရေချိုးခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့အကြောင်းပြောပြလာပါတယ်..။
သူမကိုယ်တိုင်ကလည်း ဒီ ထမီရင်လျားနဲ့ဓာတ်ပုံတွေကို ရိုင်းတယ်လို့ မခံစားရဘူးလို့ အေးမြတ်သူက ဆိုပါတယ်..။

ရင်လျားနဲ့ ဓာတ်ပုံရိုက်တာက မရိုင်းဘူးလို့ထင်ပါတယ်။ ချောင်းမှာ ရေချိုးတာဖြစ်တဲ့အတွက် အေးမြတ်သူက ရင်လျားခဲ့တာပါ။ တချို့ကတော့ ပြောပါတယ် ဝတ်စုံအပြည့်နဲ့ ချိုးကြတယ်ပေပြောပြလာပါတယ်..။
သရုပ်ဆောင် အေးမြတ်သူကတော့ မကြာသေးခင်က ရွှေစက်တော်ကို ခရီးသွားခဲ့ပြီး မန်းချောင်းမှာ ထဘီရင်လျား နဲ့ ရိုက်ခဲ့တဲ့ပုံကို လူပြောများနေတဲ့ အပေါ်ကိုလည်း အခုလိုပဲ ပြောပါတယ်။
“ရွှေစက်တော်မှာ ရင်လျားတဲ့ပုံ ရိုက်ခဲ့တာက အရမ်း အမြင်မရိုင်းဘူးလို့ မြင်ပါတယ်။ လူတွေ အရမ်းစည်ကားနေရင်တော့ ရင်လျားလို့ အဆင်ပြေမှာ မဟုတ်ဘူး။ ကိုယ့်ကို ဝိုင်းကြည့်နေကြမှာလေ”

“သွားတဲ့အချိန်က ဘုရားဖူးရာသီ မဟုတ်သေးတော့ လူသိပ်မရှိတာနဲ့ ချောင်းထဲမှာ အင်္ကျီနဲ့ ရေမဆာ့ချင်လို့ ရင်လျားလိုက်တာပါ။ မြန်မာ မိန်းကလေးတိုင်းက ရေချိုးရင် ရင်လျားပြီး ချိုးတယ်။ ကိုယ်လည်း ငယ်ငယ်ကတည်းက ရပ်ကွက်ထဲမှာရေချိုးတော့ ရင်လျား ချိုးခဲ့တာပါပဲ။ ကာလံ ဒေသံကို လိုက်ပြီး အေးမြတ်သူ ပြောင်းလဲပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။
ဆက်လက်ပြီး အေးမြတ်သူက သူ့ရဲ့ နေ့စဉ်ဘဝမှာ စိတ်ကို အမြဲ ပေါ့ပါးအောင်ထားတယ်လို့လည်း ဆိုပါတယ်။
“အေးမြတ်သူ စိတ်ကို အတတ်နိုင်ဆုံး ပေါ့ပါးအောင် ထားတယ်။ အေးမြတ်သူတို့ နေ့စဉ်လှုပ်ရှား ရုန်းကန်နေကြရတယ်။ အလုပ်ချိန်ပြင်ပမှာ ကိုယ့် Life ကို အပျောက်မခံပါနဲ့။ အသက်တွေ တဖြည်းဖြည်းနဲ့ ကြီးလာကြတာ။ အိုမင်းရင့်လျော်လာတာ ဘာကြောင့်လဲ၊ စိတ်ဖိစီးမှုများတော့ ပိုပြီး အိုမင်းရင့်လျော်လာတယ်။ အေးမြတ်သူကတော့ ကိုယ်တတ်နိုင်တဲ့ ငွေကြေးနဲ့ ပျော်ရွှင်အောင်နေတယ်”


“ကိုယ်တတ်နိုင်တဲ့ ပျော်ရွှင်မှုကို ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေနဲ့ ပျော်ရွှင်အောင် နေပါ။ စိတ်ဖိစီးမှုနည်းမှ နုပျိုမှာမို့ စိတ်ဖိစီးမှု နည်းအောင် နေတယ်”လို့ အေးမြတ်သူက ပြောပါတယ်။
“ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားမှာလည်း အေးမြတ်သူ ပါဝင်ထားပြီး ဒီဇာတ်ကားမှာ တထောင့်တနေရာက ပါဝင်ရလို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။