မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟာလန်းကို ခေါ်ယူဖို့အတွက် ဆဲလ်ဘက်အသင်းမှာ ကတည်းက သွားရောက်ဆွေးနွေးခဲ့ဖူးတာဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကိုယ် တိုင် သူနဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ဟာလန်းကို သွားရောက် စည်းရုံးခဲ့ပြီး အသင်းဆီကို ခေါ်ယူနိုင်တော့ မယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့်လည်း အဆုံးသတ်မှတ်တော့ ဖြစ်မလာခဲ့တာဖြစ်ပါတယ်။ ဟာ လန်းဟာ နောက်ဆုံးမှာတော့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပြီး ၄နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပထမဆုံးပွဲစဉ်ဖြစ်တဲ့ အော့စ်ဘက်အသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားခဲ့ရခြင်းမရှိခဲ့ပေမယ့်လည်း လူစားဝင်ကစားခဲ့ပြီး ဟတ်ထရစ်သုံးဂိုးသွင်းယူနိုင်ခဲ့လို့ အသင်းကို အနိုင်ရလဒ်ယူဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒုတိယပွဲစဉ်ဖြစ်တဲ့ ကိုလုံးအသင်းနဲ့ပွဲစဉ်မှာလည်း ဒုတိယပိုင်း ရောက်မှလူးစားဝင်ကစားခဲ့တာဖြစ်ပေမယ့် အနိုင်ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါသမိုင်း တစ်လျှောက်မှာ ပွဲဦးထွက် ၂ပွဲမှာပဲ ပွဲကစားချိန်အနည်းဆုံးနဲ့ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစား သမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ၅၇မိနစ်သာကစားခဲ့ရပေမယ့်လည်း သွင်းဂိုး ၅ဂိုးအထိသွင်းယူ နိုင်ခဲ့တာကြောင့် သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လွတ် တဲ့ ငါး ကြီး သွားသလို ဖြစ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ မန်ယူနိုက်တက်အသင်းဟာ ၂၀၂၀ ပြည့် နှစ်အတွင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၄ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ဟာလန်းရဲ့ ဂိုးအရေအတွက် ကတောင်ပိုပြီးများပြားခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းစာကရေးသားဖော်ပြခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ၂၀၂၀ပြည့်နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် အာဆင်နယ်၊ နောဝှစ်ချ်၊ လစ်ဗာပူး၊ဘန်လေ အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး နောဝှစ်ချ်နဲ့ပွဲမှာ ၄ဂိုး သွင်းယူနိုင်ခဲ့တာကလွဲ လို့ လက်ကျန်ပွဲတွေမှာ သွင်းဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းမှာ အံ့အား သင့်စရာခြေစွမ်းတွေပြသနေတဲ့ ဟာလန်းကြောင့် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ ဒေါ့ မွန် ထက် လက်ဦးမူရယူအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တဲ့အပေါ်မှာ နောင်တရ စရာဖြစ်ခဲ့ရပါတယ်။

Jack ( Sports Reader )