မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဖာနန်ဒက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၆.၆ သန်းပေးချေခဲ့ရပြီး ပွဲထွက်ကစားမူနဲ့ ချန်ပီယံလိဂ် ကစားခွင့်ရမ ရ အပေါ်မူတည်ပြီးနောက်ထပ် ပေါင်၈.၅သန်းပေးချရဖို့လည်းရှိတယ်လို့ဆိုပါတယ်။ရေရှည် အတွက် ဆုကြေးအနေနဲ့ တော့ ပေါင်၁၂.ရသန်းအထိရှိတာကြောင့် စုစုပေါင်း ပေါင်၆၇.၈သန်းအထိတန်ဖိုး ရှိ တယ်လို့သိရပါတယ်။

အသင်းနဲ့ အတူစာချုပ်ချုပ်ဆိုအပြီးမှာတော့ မန်ယူနိုက်တက်အသင်းကို ဘယ်အချိန်ကတည်းက သူ့ရင်ထဲမှာ ရှိနေခဲ့တယ်ဆိုတာကိုလည်း ဖာနန်ဒက်စ်ကပြောပြသွားခဲ့တာဖြစ်ပါတယ်။ “ ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းကို ခရစ္စတီယာနိုရော်နယ်ဒို စကစားတဲ့အချိန်ကတည်းက စတင် ပြီးချစ်မြတ်နိုးခဲ့တယ်။ အဲဒီနောက် ပိုင်းမှာတော့ ဒီလိုခမ်းနားတဲ့ အသင်းရဲ့အမာခံပရိသတ်တစ်ယော က် ဖြစ်ခဲ့ပါတယ်။အခုတော့မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရမယ်ဆိုတော့ တကယ့်ကို ဝမ်း မြောက်စရာ ခံစားမူပါပဲ။

ဒီလိုအချိန်ရောက်ဖို့အတွက် အပြင်းထန်ဆုံးကြိုးပမ်းခဲ့ရပြီး ယူနိုက်တက် အသင်းနဲ့လည်း အောင်မြင်မူတွေများကြီးရယူနိုင်ဖို့ အစွမ်းကုန်ပေးဆပ်ကစားသွားပါမယ်။ ကျွန်တော့် အတွက် အရာအားလုံး လုပ်ဆောင်ပေးခဲ့တဲ့ စပို့တင်း ကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ကျွန်တော့်ကို ယုံကြည်ပေးကြတဲ့ အိုလီနဲ့ ယူနိုက်တက်အသင်းအသင်းကသူတွေအားလုံးကိုလည်း ကျေးဇူးတင် ပါတယ်။ အဲဒီလိုယုံကြည်မူတွေကို ကွင်းထဲမှာသက်သေပြသနိုင်ဖို့အတွက် မစောင့်နိုင်တော့ ပါဘူး” လို့ ဖာနန်ဒက်စ်ကပြောပြသွားခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းနည်းပြ အိုလီကတော့ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အ တွက် လပေါင်းများစွာက တည်းက ကြိုးပမ်းခဲ့ပြီးသူ့ရဲ့ ခေါင်းဆောင်မူစွမ်းရည်နဲ့ ခြေစွမ်းတွေက အသင်းကို အကောင်းဆုံး ကူညီ မူပေးနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
Jack ( Sports Reader )