နိုင်ငံဝန်ထမ်းကောင်းလက်မှတ်ရ လုပ်သက် နှစ် အစိတ် ထက် နိုင်ငံဝန်ထမ်းတွေ ကို မော်တော်ကားပါမစ် ချထားပေးဖို့ အတွက် ပထမအဆင့်အနေဖြင့် ချပေးနိုင်တဲ့ အရေအတွက် ကို စတင်ကောက်ယူနေတဲ့အဆင့်ဖြစ်ပါတယ် ။
လျော့ပေါ့ပေးနိုင်တဲ့ အခွန်နှုန်းထားကို သေချာမသိရသေးပဲ စီစစ် ညှိနှိုင်းနေတဲ့အဆင့်ပဲရှိပါတယ် ။

ရန်ကုန်တွင်အမှန်တကယ်သန်းခေါင်စာရင်းဝင် ထားတဲ့ သတ်မှတ်ချက်ပြည့်မှီတဲ့ ဝန်ထမ်းတွေကိုသာ ရန်ကုန်လိုင်စင် ချပေးမယ်လို့ သိရပါတယ် ။
နိုင်ငံဝန်ထမ်း ဟုသတ်မှတ်၍ ကာကွယ်ရေး ပြည်ထဲရေး မကျန်ဌာနအားလုံးအကျုံးဝင်ပါမည် ။
အမည်ပြောင်းခြင်းကို အကြမ်း သုံးနှစ် ထိပြောင်းလဲခြင်း မပြုရဟုသတ်မှတ် ထားကြောင်းသိရပါတယ် ။
လောလောဆယ် ညှိနှိုင်းဆွေးနွေးစိစစ်ထဲ အဆင့်တွင်ရှိပါတယ် ။ အချိန်အသိအကျမသိရပေမဲ့ သတ်မှတ်ချက်ပြည့်မှီတဲ့ဝန်ထမ်းတွေအတွက် ပျော်စရာလေးပါ
အသေးစိတ်သိလိုပါက comment တွင်မေးမြန်းနိုင်ပါတယ် ။
Source: Min Min Maung