Sponsored
ဇန်နဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို ့မြေနီကုန်းရှိ တော်လှန်ရေးပန်းခြံအနားတွင် ယာဉ်ထိန်းရဲတစ်ဦးကို အမျိုးသမီး ၂ ဦးက လမ်းမထက်တွင် ဆဲဆိုကြိမ်း မောင်းနေသည့် ဗီဒီယိုဖိုင်များမှာ လူမှုကွန်ရက် Facebook အသုံးပြုသူများအကြား ပျံ ့နှံ့နေသည်။
လူမှုကွန်ရက်တွင် ပျံ ့နှံ့နေသည့်ဗီဒီယိုနှင့် ဓါတ်ပုံများ တွင် လမ်းမပေါ်၌ ရပ်ထားသည့် ကားတစ်စီးပေါ်တွင်အိပ်ပျော်နေသူများကို အမျိုးသမီးယာဉ်ထိန်းရဲမေပါဝင်သည့် အဖွဲ့ဖြင့်သွားရောက်ဖမ်းဆီးရာမှ ဆဲဆိုခံရခြင်းဟုလည်း ရေးသားထားကြသည်။
ဗီဒီယိုဖိုင်တစ်ခုတွင်မူ ယာဉ်မောင်းထိုင်ခုံမှ ခါးပတ် ပတ်လျက်သား အမျိုးသမီးက သူမ၏ ဆံပင်ကို စောင့် ဆွဲသည်ဟုဆိုကာ ယာဉ်ထိန်းရဲများကိုဆဲဆိုနေသည် ကိုလည်း တွေ့ရသည်။
Sponsored
Video Credit း Ko Ko Naung
Sponsored