အာဆင်နယ် ကွင်းလယ်လူဟောင်းဆန်တီကာဇိုလာဟာ အင်္ဂလန်မြေမှာကစားစဉ်က အာတီ တာ နဲ့ အတူတွဲဖက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။
စပိန်သားချင်းလည်းဖြစ်တာကြောင့် ရင်းနှီးတဲ့ဆက်ဆံရေး ရှိသူ တွေဖြစ်ပါတယ်။ ကာဇိုလာဟာ လက်ရှိအချိန်မှာ စပိန်ကလပ် ဗီလာရီးယဲလ်အသင်းမှာဆက်လက် ကစားနေဆဲဖြစ်ပြီး အာတီတာအနေနဲ့ အာဆင်နယ်အသင်းမှာ အောင်မြင်မူရရှိနိုင်မလားဆိုတာကို သုံးသပ်မူတစ်ခပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

နည်းပြအာတီတာဟာ သူရောက်ရှိချိန်ကစပြီးစုစုပေါင်း၇ပွဲကိုင်တွယ်ခဲ့ရာမှာ ၂ပွဲသာအနိုင်ရခဲ့ ပြီး ၁ပွဲရူံး၄ပွဲသရေကျခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဆင့်၁၀အထိ ကျဆင်းနေပေမယ့်လည်း အာတီ တာ ဟာ အာဆင်နယ်အသင်းမှာ အောင်မြင်နိုင်မည့်သူဖြစ်တယ်လို့ အသင်းဖော်ဟောင်းကာဇိုလာက သုံးသပ်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

”သူ ကို တစ်ချိန်မှာ နည်းပြဖြစ်လာမယ်ဆိုတာ ယုံကြည်ခဲ့ ပြီးသားပါ။သူက ကျွန်တော်နဲ့ တွဲဖက်ကစားနေတဲ့အချိန်မှာတောင် အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်မူစွမ်းရည်ပြသနိုင်ခဲ့တယ်။တချို့က သူ့ကို အာဆင်နယ်နည်းပြအဖြစ်ခန့်အပ်လိုက်တာက လောင်းကစားဆန်တယ်လို့ ဆိုကြပေမယ့် ကျွန်တော်ကတော့ ထိုက်တန်တဲ့ စိန်ခေါ်မူတစ်ခုလို့ ထင် ပါတယ်။သူကပတ်ဂွာဒီယိုလာ လက်အောက်မှာလည်း နည်းပြတစ်ဦးအနေနဲ့ အလုပ်လုပ်ခဲ့ဖူးတာပဲ။သူ ခမ်းနားတဲ့ နည်းပြတစ်ဦးဖြစ်လာမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” လို့ကာဇိုလာကသုံးသပ် သွား ခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ကာဇိုလာက “ ဒီနေ့ခတ်မှာ ဆာအဲလက်စ်ဖာဂူဆန်လို၊ အာဆင်ဝင်းဂါးလို လုပ် ဆောင်နိုင်ဖို့က မလွယ်ကူတော့ပါဘူး။အာတီတာဟာလည်း အာဆင်နယ်မှာ ဘယ်လောက် ကြာ ရှည်မလဲဆိုတာ မခန့်မှန်းနိုင်ပေမယ့်လည်း သူ့အနေနဲ့ အာဆင်နယ်မှာ ခမ်းနားတဲ့ ဘဝတစ်ခု စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။သူကအာဆင်နယ်နဲ့ပတ်သက်သူတစ်ဦးပါ။ သူ အသင်းကို အကောင်းဆုံးဦးဆောင်ဖို့မျှော်လင့်တယ်” လို့ ကာဇိုလာက ပြောပြသွားခဲ့တာဖြစ်ပါတယ်။
Jack ( Sports Reader )