မနှစ်က ချန်ပီယံလိဒ်ဖိုင်နယ် လီပါပူး- စပါး ပွဲစဉ်မှာ ကွင်းထဲသို့အဝတ်စလစ်ဖြင့်ပြေးခဲ့ပြီးနာမည်ကြီးခဲ့သူ Wlonaskiဟာ skydiving တစ်ခုမှာ မတော်တဆဖြစ်ပြီး ချေကျင်းဝတ်ကျိုးသွားခဲ့ပါတယ်။ ထိုစဉ်က ကွင်းတွင်းဖြတ်ပြေးပြီးနောက်ပိုင်း သူမရဲ့ Instagram ဟာ Follower 3.6 million ထိမြင့်တက်သွား ခဲ့ပါတယ်။

ခြေကျင်းဝတ်ကျိုးလို့စိတ်ပူနေကြတဲ့သူတွေကို သူမက ” အဲ့ဒီနေ့က လေအရမ်းတိုက်နေပြီး အမြင့်ပေ ၂၀လောက်ကနေ ခြေထောက်နဲ့ကျခဲ့တာကြောင့် ခြေကျင်းဝတ်ကျိုးသွားခဲ့တာပါ။” လို့ဆိုပါတယ်။ မျက်မြင်သက်သေတွေပြောစကားအရတော့ ဆေးဝန်ထမ်းတွေမရောက်ခင် သူမမှာ နာကျင်လွန်းလို့ အော်ဟစ် နေရတယ်လို့ဆိုပါတယ်။ သူမရဲ့ Fanတွေကတော့ သူမမြန်မြန်သက်သာစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။ တယောက်ကဆို ” မင်းတအား ရဲရင့်တာပဲ။ မင်းမြန်မြန်သက်သာပါစေလို့ဆုတောင်းပါတယ်” လို့ပြောထားပြီး အခြားတစ်ယောက်ကလည်း ” မြန်မြန်သက်သာပါစေ” လို့ ဆိုထားပါတယ်။

ချန်ပီယံလိဒ်ပွဲစဉ်အတွင်း အဝတ်စလစ်ဖြတ်ပြေးပြီးနောက် အသက် ၂၃နှစ်အရွယ်သူမက ” ကျွန်မ အသက် ၃၀ အရွယ်မှာ လုံလောက်တဲ့ပိုက်ဆံနဲ့ အေးအေးဆေးဆေးအနားယူဖို့ စိတ်ကူးထားပါတယ်။ ဒီစိတ်ကူးက လူအများစိတ်ဝင်စားနေတဲ့ ပွဲအတွင်းဖြတ်ပြေးလိုက်ခြင်းဖြင့် ပြည့်စုံသွားခဲ့ပါတယ်” လို့သူမကဆို ပါတယ်။ နောက်ထပ်လဲ အဝတ်စလစ်ပြေးတာမျိုးတွေပြုလုပ်သွားအုံးမယ်လို့ သူမက ဆိုပါတယ်။

” ကျွန်မအဖမ်းခံရပြီးပြန်လွတ်လာတော့ ကျွန်မ Instagram မှာ Follower ၃၀၀,၀၀၀ ကနေ နှစ်မီလီယံအထိတိုးသွားခဲ့ပါတယ်။ တော်ရုံတန်ရုံဆိုဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။ ကျွန်မ နာမည်ကြီးသွားပြီး ကြော်ငြာကမ်းလှမ်းတာမျိုးတွေရှိခဲ့ပါတယ်။ ကျွန်မက အပျော်သဘောပဲလုပ်တာပါ ။ ဘယ်သူ့ကိုမှ မထိခိုက်စေလိုပါဘူး” လို့လည်း သူမက ဆိုပါတယ်။

အဲ့အချိန်က သူ့ကို ဘောလုံးပွဲကြည့်ပရိသတ်တွေက ချစ်ခင်ပုံရပြီး ကွင်းထဲကထွက်တော့ ရဲဝန်ထမ်းကတောင် ဓါတ်ပုံတူတူရိုက်ဖို့တောင်းဆိုခံခဲ့ရပါတယ်တဲ့။ ရလဒ်ကတော့ အံမခန်းပါပဲ။ ပျော်တာထက်ပိုသွားပါပြီ။ ဝမ်းသာကြည်နူးပျော်ရွှင်ခဲ့ရပါတယ်လို့ လည်းပြောပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – The Mirror