မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကြယ်ပွင့်ပေါလ်ပေါ့ဘာမှာ အကိုတစ်ဦးရှိတယ်ဆိုတာ ပရိသတ်တွေ မှတ်မိကြပါလိမ့်မယ်။
အသက်၂၉နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဘာရဲ့အကို ဖလော်ရမ်တင် ပေါ့ဘာ ဟာ ညီဖြစ်သူအခြေချရာ အင်္ဂလန်မြေကိုပြောင်းရွှေ့ကစားဖို့ နီးစပ်နေတာဖြစ်ပါတယ်။ဖဖော်ရမ်တင် ပေါ့ဘာဟာ ချန်ပီယံရှစ်ကလပ် ချာတန်အသင်းမှာ လေ့ကျင့်ခန်းဆင်းနေပြီး ရာသီကုန်အထိစာချုပ် ချုပ် ဆိုသွားဖို့ ရှိနေတာဖြစ်ပါတယ်။ချာတန်ယူ၂၃အသင်းနဲ့ အတူလေ့ကျင့်ခန်းဆင်းနေတာကြောင့် မကြာခင်အချိန်မှာ စာချုပ်ချုပ်ဆိုဖို့ရှိနေတယ်လို့ South London Press ကဖော်ပြသွားခဲ့တာဖြစ် ပါတယ်။

ဖလော်ရမ်တင် ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီက အမေရိကန်မေဂျာလိဂ်ကလပ် အက်တလန်တာယူ နိုက်တက်အသင်းမှာ ပါဝင်ကစားခဲ့ပြီး စုစုပေါင်း၂၂ပွဲအထိပါဝင်ကစားခွင့်ရခဲ့ပါတယ်။ နောက်ခံ လူတစ်ဦးဖြစ်သူ ဖလော်ရမ်တင်ပေါ့ဘာဟာ၂၀၁၂ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိပြင်သစ်ကလပ် စိန့်အက်တီယန်အသင်းမှာကစားခဲ့ဖူးပါတယ်။၂၀၁၇ ယူရိုပါလိဂ်ပြိုင်ပွဲ၃၂သင်းအဆင့်မှာ မန်ယူ နဲ့ စိန့်အက်တီယန်အသင်းတို့ ဆုံတွေ့ခဲ့ကြချိန်မှာ ညီအစ်ကိုနှစ်ဦးကွင်းထဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူး ပါတယ်။

ပေါ့ဘာနဲ့ ညီအစ်ကို တော်စပ်သူဖြစ်ပေမယ့်လည်း လက်ရွေးစင်အသင်းရွေးချယ်ရာမှာတော့ သူမွေး ဖွားရာနိုင်ငံဖြစ်တဲ့ဂီနီအသင်းကို ရွေးချယ်ခဲ့ပါတယ်။၂၀၁ဝပြည့်နှစ်ကစတင်ပြီး ဂီနီ အသင်းအတွက် ၂၁ပွဲ အထိကစားပေးခဲ့ဖူးတဲ့ ဖဖော်ရမ်တင်ပေါ့ဘာဟာ ပြင်သစ်ယူ၂ဝအသင်းအတွက်လည်း ၂ပွဲ ပါဝင်ကစားပေးခဲ့ဖူးပါတယ်။

ချာတန်အသင်း ဗုဒ္ဓဟူးနေ့က ဖူဟမ်အသင်းနဲ့ သရေရလဒ်ထွက်ပေါ်အောင်ကစားနိုင်ခဲ့ပေမယ့် လည်း အဆင့် ၂ဝမှာရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ၆မှတ်ပဲကွာဟတော့ာဖြစ်ပါတယ်။ဒါကြောင့် ပေါ့ဘာရဲ့ အကိုဖြစ်သူကို ခေါ်ယူအားဖြည့်ဖို့လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာတရားဝင်စာချုပ်ချုပ်ဆို ဖို့ ရှိတယ်လို့သိရပါတယ်။
Jack ( Sports Reader )