တရုတ်အရေးပေါ်ကယ်ဆယ်ရေးဌာနရဲ့အဆိုအရ မတ်လ ၈ရက်နေ့တွင် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ Coronavirus လူနာများကို ခွဲခြားထားရှိရာ အဆောက်အအုံပြိုကျခဲ့လို့ လေးဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ၃၈ ထက်မနည်း ကယ်ထုတ်ပေးနိုင်ခဲ့ပြီး ငါးယောက်ကတော့ အရေးပေါ်အခြေအနေကိုရင်ဆိုင်နေရပါတယ်။ ပိတ်မိနေသူဟာ ၇၁ ယောက်နီးပါးရှိပါတယ်။ စတင်ပြိုကြတယ်လို့ သတင်းရရှိချိန်မှာ အဆောက်အဦးအတွင်း၆၇ ယောက် ရှိတယ်လို့ သတင်းရပြီး ၄၈ ဦးအထိကယ်ဆယ်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
တရုတ်သတင်းတစ်ခုရဲ့အဆိုအရတော့ ထိုဟိုတယ်ရဲ့ ပထမထပ်ကို တရုတ်နှစ်ကူးမတိုင်ခင်တည်းက ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပြီး ပြိုမကျမိနစ်ပိုင်းအလိုမှာ လုပ်သားခေါင်းဆောင်ဟာ ပိုင်ရှင်ကို အဆောက်အဦးရဲ့ တိုင်တစ်လုံးဟာ ပုံပျက်လာတယ်လို့ သတင်းပို့ခဲ့ပါတယ်။ ယခုလောလောဆယ်တော့ အဆောက်အဦးပိုင်ရှင်ကို ရဲဌာနကဆင့်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

တရုတ်လူမှုကွန်ရက်ရဲ့ဖော်ပြချက်အရ coastal Quanzhou မြို့မှာတည်ရှိတဲ့ အခန်း ၈၀ ပါ ၎င်းဟိုတယ်ပြိုကျချိန်မှာ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ မှောင်ကြီးမဲကြီးမှာ စွမ်းစွမ်းတမံကယ်ဆယ်ခဲ့ကြပီး အပျက်အစီးတွေကြားပိနေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ခဲ့တာလည်းပါဝင်ပါတယ်။
ဒါ့အပြင် အနီးအနားက CCTV မှာတော့ အဆောက်အအုံတစ်ခုလုံးဟာ မျက်စိတစ်မှိတ်အတွင်းမှာ ရုပ်သေးကြိုးပြတ် ပြိုကျသွားခဲ့တာပါ။ တရုတ်အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ရဲ့အဆိုအရ ဒေသခံ အယောက် ၂၀၀လောက်နဲ့ မီးသတ်သမား အယောက် ၈၀၀ တို့ဟာ ရှာဖွေကယ်ဆယ်ရေးတွေကို အရှိန်အဟုန် မြှင့်ကြိုးစားနေတာကို တွေ့ရပါတယ်။
အခင်းဖြစ်ပွားရာ Quanzhou ဒေသဟာ Coronavirus ကူးစက်ခံရမှု ၄၇ ခုနှင့်အထက် ရှိနေပြီး ယခုပြိုကျခဲ့တဲ့ ဟိုတယ်က လွန်ခဲ့တဲ့နှစ်နှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA