COVID-19 တိုက်ဖျက်ရေးစစ်ပွဲမှာ တကမ္ဘာလုံး အစွမ်းကုန်ဆင်နွှဲကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းလိုက်ပါတယ်။
G20 ခေါင်းဆောင်တွေရဲ့ COVID-19 ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတရှီက ဗွီဒီယိုလင့်ခ်ကနေ ပြောကြားခဲ့တာပါ။

ထိပ်သီးဆွေးနွေးပွဲမှာ ကူးစက်မြန် ကပ်ရောဂေါ ဖြစ်နေချိန်အတွင်း တရုတ်နိုင်ငံကို ကူညီပေးခဲ့တဲ့ ကမ္ဘာ့အသိုက်အဝန်းအဖွဲ့ဝင်တွေကို အမြဲအမှတ်ရတန်ဖိုးထားနေမယ်လို့ သမ္မတရှီက ပြောသွားခဲ့ပါတယ်။
COVID-19 ရောဂါကို တိုက်ဖျက်ဖို့ရာ အရင်ဆုံး G20 နိုင်ငံတွေရဲ့ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်သင့်တယ်လို့ ရှီက ပြောခဲ့ပါတယ်။
အဲဒီလို အစည်းဝေးလုပ်ပြီး သတင်းအချက်အလက် မျှဝေတာ၊ ဆေးဝါး၊ ကာကွယ်ဆေးနဲ့ ကပ်ရောဂါထိန်းချုပ်ရေးမှာ ပိုမိုပူးပေါင်းတာနဲ့ နယ်စပ်ဖြတ်ကျော် ကူးစက်တာတွေကို တားဆီးရမယ်လို့ သမ္မတ ရှီက ဆိုပါတယ်။
ရောဂေါထိန်းချုပ်ရေးနဲ့ ကုသရေးကို နိုင်ငံတကာအဆင့် စုပေါင်းတုံ့ပြန်ဖို့၊ တက်ကြွစွာ ပါဝင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အားပေးထောက်ပံ့ဖို့၊ COVID-19 ကြောင့် ဆိုးကျိုးသက်ရောက်မှုတွေကို တန်ပြန်ဖို့နဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကနေ ကြိုတင်ကာကွယ်ဖို့ရာ နိုင်ငံတကာမှာ မက်ခရိုစီးပွားရေးမူဝါဒကို တိုးမြှင့်ညှိနှိုင်း ဆောင်ရွက်သင့်တယ်လို့ တရုတ် သမ္မတက ဆွေးနွေးပြောကြားခဲ့ပါတယ်။
စည်းလုံးမှုနဲ့ အပြန်အလှန်ကူညီမှုကနေ ဒီကပ်ရောဂါကို ကျော်လွှားပြီး လူသားမျိုးနွယ်အတွက် တောက်ပတဲ့အနာဂတ်ကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်း G20 ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတရှီက ပြောခဲ့ပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်