အာရှနိုင်ငံတွေက ကုမ္ပဏီတော်တော်များက နေအိမ်ကနေ အလုပ်ဆင်းကြဖို့ ပြင်ဆင်နေစဉ်မှာ ဖိလစ်ပိုင်ကဒေသခံ CNN ရုပ်သံလိုင်းနဲ့ ဟောင်ကောင်က The South China Morning Post သတင်းစာတို့ဟာ ရုံးတက် အလုပ်ဆင်းတာကို ပိတ်ပစ်လိုက်တယ်လို့ ဘီဘီစီသတင်းမှာ ရေးသားထားပါတယ်။
ဖိလစ်ပိုင်ရဲ့ အဓိကရုပ်သံလိုင်းတခုဖြစ်တဲ့ စီအန်အန် ဖိလစ်ပိုင်လိုင်းကတော့ ရုပ်သံလွှင့်ဌာန ဝန်ထမ်းတဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိလို့ ရုပ်သံဌာနကိုပါ ၂၄ နာရီပိတ်လိုက်ပြီး ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းတွေပါ ရပ်ဆိုင်းထားလိုက်တာပါ။

ဟောင်ကောင်ရဲ့ အဓိကနာမည်ကြီးသတင်းစာဖြစ်တဲ့ The South China Morning Post ကလည်န်ထမ်းတဦး ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သတင်းထွက်ပြီးနောက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Time Squareနဲ့ South Island Place အရပ်တို့မှာ ဖွင့်ထားတဲ့ သတင်းစာတိုက်ရုံးခွဲတွေကို မတ် ၁၈ ရက်နေ့ကစလို့ ပိတ်လိုက်တာပါ။
ဝန်ထမ်းအားလုံးဟာ နေအိမ်ကနေ အလုပ်ဆင်းပြီး အွန်လိုင်း သတင်းတင်ဆက်မှုတွေပဲ လုပ်သွားမယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်