ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ဟာ ယခုဆိုလျှင်နိုင်ငံတော်တော်များများကို ကူးစက်လို့နေပါပြီ။ လူတော်တော်များများလည်း စိုးရိမ်ပူပန်နေကြကာ အစားအစာနဲ့ အခြားသော အရာတွေကို အလုအယက် ဝယ်ယူစုဆောင်းနေကြပါတယ်။ ထိုအထဲမှာ အိပ်သာသုံးစကူ ကစလို့ ကွန်ဒုံး အထိပါဝင်ပါတယ်။

ဒ့ါအပြင် မိမိကိုယ်ကို ကာကွယ်ဖို့အတွက် အပြင်သွားရင် နှာခေါင်းစည်းတွေတပ်တာ လက်သန့်ဆေးတွေသုံးတာ အစရှိသဖြင့် အမျိုးမျိုးသောနည်းလမ်းတွေနဲ့ ကာကွယ်နေကြပါတယ်။ သို့ပေမယ့်လည်း အကြောက်လွန်သူတွေများလာကာ ကာကွယ်မှုတွေက အစွန်းရောက်ပြီး အပိုလုပ်ကြတယ်လို့ ထင်စရာတွေဖြစ်လာပါ တော့တယ်။
၎င်းတို့အထဲမှ တစ်ခုကတော့ တချို့သောသူတွေဟာ ဓါတ်လှေကားအတက်အဆင်း ခလုတ်နှိပ်ရာမှာ ရောဂာပိုးမကူးစက်ရလေအောင် လက်ကို ကွန်ဒုံးစွပ်လာကြပါတယ်။ ထို့ကြောင့်လည်း ကွန်ဒုံးအဝယ်လိုက်လာတာဖြစ်ပါတယ် လို့ သတင်းတွေက ဆိုပါတယ်။

သတင်းဓါတ်ပုံတွေအရ စင်ကာပူနဲ့ သြစတြီးယားရဲ့ ဈေးဝယ်စင်တာတွေမှာ ကွန်ဒုံးတွေ အဝယ်လိုက်လွန်းနေတာကို တွေ့ရပါတယ်။ တချို့ကလည်း ဒီသတင်းတွေဟာ အတုတွေဖြစ်ပြီး ကွန်ဒုံးအဝယ်လိုက်ဖို့ ဈေးကွက်ချဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ် ။ တချို့သော လူမှုကွက်ရက်တွေမှာဆို အသုံးပြုနည်း ဗီဒီယိုဖိုင်တွေပါ အသုံးပြုထားတာကို တွေ့နေရပါတယ်။ အခြားတစ်ဖက်မှာတော့ ဒါဟာ ရူးမိုက်မှုတစ်ခုပဲလို့ ဝေဖန်နေသူတွေလည်းရှိပါတယ်။
” စင်ကာပူမှာဆို လူတော်တော်များများ နေအိပ် ဓါတ်လှေကားအသုံးပြုရာမှာ ကွန်ဒုံးကို လက်ချောင်းမှာစွပ်ပြီးသုံးနေကြလို့ ဝယ်မလောက်တော့ဘူးဖြစ်နေတယ်လို့ ” Twitter Post တစ်ခုမှာတွေ့ရပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ အခြားသော အရာတွေကိုလည်း ကြိုတင်စုဆောင်းကြလွန်းလို့ အစိုးရ ကသတိပေးရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါဟာ စင်ကာပူ တစ်နိုင်ငံတည်းမဟုတ်ပါဘူး။
what Singaporeans are using condoms for because of the coronavirus. ?? #coronavirus pic.twitter.com/CzfMU4iNBV
— Melanie Ngai ?????? ??? (@melngai416) February 7, 2020
ဗြိတိန်ရဲ့ အချို့သော နေရာတွေမှာဆို ဆပ်ပြာတွေ လက်သန့်ဆေးတွေ ဝယ်မရတောင်ဖြစ်ခဲ့ပါတယ်။ ပညာရှင်တွေကတော့ အထိရောက်ဆုံးကာကွယမှုဟာ လက်မကြာခဏဆေးကြောခြင်းနဲ့ နှာချေချောင်းဆိုးတိုင်း အကာအကွယ်သုံးဖို့ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
Writer – ZWP ( The Lifestyle Myanmar )
Source – The Mirror