New York City အုပ်ချုပ်ရေးမှူး Andrew Cuomo က မြို့အတွက် ဆေးဝါးလိုအပ်ချက်ကို အချိန်နဲ့တပြေးညီဖြည့်တင်းပေးသွားမယ်ဆိုတဲ့အကြောင်း ပြောကြားပြီးနောက် ပျံ့နှံ့မှုဟာ ကျည်ဆံရထားအရှိန်လောက်ရှိတယ်လို့ ခိုင်းနှိုင်းပြောဆိုလိုက်ပါတယ်။ ” အရေအတွက်ဟာ ကျွန်တော်တို့ ထင်ထားတာထက် တော်တော်လေးများနေပါပြီ၊ ထပ်ပြီးများလာအုံးမယ်လို့ ထင်ရပါတယ်” လို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် အစိုးရက New York အတွက် ကျန်းမာရေး ပစ္စည်း ထောက်ပံ့မှုအားနည်းတယ်လို့လည်း သူကထောက်ပြပါတယ်။

ယခုဆို လျှင် New York တစ်မြို့တည်းတင် ကူးစက်ခံရသူ ၂၅,၀၀၀ ရှိပြီဖြစ်ကာ သေဆုံးသူ ၂၁၀ ဦးရှိတာကြောင့် အမေရိကန်အတွက်စိုးရိမ်နေကြသော်လည်း သမ္မတ ထရန့်ကတော့ နောက်လထဲမှာ စီးပွားရေးလုပ်ငန်းတွေပြန်စဖို့ စိုင်းပြင်းနေပါတယ်။
New York အုပ်ချုပ်ရေးမှူးကတော့ ” ကျွန်တော်တို့ကို အစိုးရ အမြန်ငဲ့ကြည့်ပါ။ အစိုးရက ပေးတဲ့ အသက်ရှူဖေးကူ ကိရိယာ ၄၀၀ နဲ့ ကျွန်တော်တို့ကျန်တဲ့ လူ ၂ သောင်းကျော်ကို ဘယ်လိုအသက်ဆက်ပေးရမလဲ။ New York ပီးရင် California နဲ့ Los angles တို့လဲ လာတော့မှာပါ။ သင်ခန်းစာယူကြပါလို့ ” ပြောနေပါပြီ။

နယူးယော့မှာ ယခု လောလောဆယ် စက်ကိရိယာ အခု ၇၀၀၀ ပဲရှိပါတယ်။ လိုအပ်နေတာက အခု ၃သောင်းပါ။ ဒါ့အပြင် သုံးရက်အတွင်း ကူးစက်မှုတွေက နှစ်ဆ နှုန်းနဲ့ပြန့်နှံ့နေတာပါ။ ဒါ့အပြင် ဆေးရုံကုတင်ပေါင်း ၁ သိန်းကျော်လောက်လဲ အရေးပေါ်လိုအပ်နေပါတယ်။
ဒီအဖြစ်တွေကို လစ်လျူရှုပြီး စီးပွားရေးထိခိုက်မှာပဲစိုးနေတဲ့ သမ္မတ ထရန့်ကို အုပ်ချုပ်ရေးမှူးက ” ကျွန်တော့်အမေမှာ အသက်အပိုမပါသလို ခင်ဗျားအမေမှာလည်း အသက်အပိုမပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ယခုဆိုလျှင် အမေရိကန်တစ်နိုင်ငံလုံး ကူးစက်ခံရသူ စုစုပေါင်း ၅၃,၀၀၀ ရှိပြီဖြစ်ကာ သေဆုံးသူ ၇၀၀ ကျော်ပြီလည်းဖြစ်ပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source- BBC