Sponsored
လာအိုနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိသဖြင့် စုစုပေါင်း အတည်ပြုလူနာ ၆ ဦးဖြစ်လာကြောင်း လာအိုနိုင်ငံ ဒုတိယ ကျန်းမာရေးဝန်ကြီး Phouthone Moungpak က ယနေ့(မတ် ၂၆)မွန်းလွဲပိုင်းကပြောသည်။

ယခု ထပ်မံတွေ့ရှိသူများမှာ ယခင်အတည်ပြုလူနာများနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသူများဖြစ်ပြီး ဗီယန်ကျန်းမြို့ရှိ Mittaphab ဆေးရုံတွင် ပြုစုကုသပေးထားကြောင်း သူကထပ်လောင်းပြောကြားသည်။
သူတို့အားလုံးမှာ စိုးရိမ်ရသော အခြေအတွေင်မရှိကြောင်းသိရသည်။
Sponsored
လာအိုနိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာ ၂ ဦးကို ပြီးခဲ့သည့် အင်္ဂါနေ့က စတင်တွေ့ရှိခဲ့သည်။
Source: Xinhua
Sponsored