ကမ္ဘာတဝှမ်း ကူးစက်ပြန့်နှံ့နေတဲ့ Covid-19 ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် သေဆုံးသူတွေနဲ့ ရောဂါပိုး ကူးစက်သူအရေအတွက်တွေ နာရီနဲ့အမျှ တိုးလာနေတာမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ သေဆုံးသူအရေအတွက် သောကြာနေ့အထိ ၁၁၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါပိုး ကူးစက်နေသူ အရေအတွက်ကတော့ အခုချိန်ထိ နှစ်သိန်း ကျော်သွားပါပြီ။

လက်ရှိအချိန်မှာ ရောဂါပိုးကူးစက်သေဆုံးမှု အများဆုံး ဖြစ်နေတာကတော့ ဥရောပတိုက် သေဆုံးသူ ၅ ထောင်ကျော်သွားပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် တရုတ် နိုင်ငံထက် ကျော်လွန်သွားခဲ့တဲ့ အီတလီနိုင်ငံမှာ သောကြာ နေ့မှာ နောက်ထပ် လူ ၆၂၇ ဦး သေဆုံးခဲ့တာကြောင့် သေဆုံးသူ ၄၀၀၀ ကျော်သွားခဲ့ပါတယ်။
နိုင်ငံအတွင်း ကပ်ရောဂါ စတင် ဖြစ်ပွားပြီး လေးပတ်အကြာ ဗိုင်းရပ်စ်ကြောင့် လူ အများဆုံး သေဆုံးရတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ကူးစက်မှုပေါင်း ၂၈၀၀၀ ကျော်သွားပြီး ဟိုတယ်တွေနဲ့တခြား အဆောက်အဦးတွေကို ဆေးရုံးတွေ အဖြစ် အသွင်ပြောင်းပြီး ကုသမှုတွေ ပေးနေရပါတယ်။
သောကြာနေ့က တရုတ်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးသူ မရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေ ကြေညာခဲ့တဲ့ အတွက် ဒီဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံမှာ ရောဂါပိုးကူးစက်သူ တယောက်မှမရှိခဲ့တဲ့ ဒုတိယနေ့ဖြစ်လာခဲ့ပါတယ်။
Source: Daily Mail