?တချိန်တုန်းက ကျားသောင်းကျန်းတာ တနယ်လုံးက ရွာတွေအကုန် ကျီးလန့်စာစားတွေဖြစ်။ ညကြီးသန်းခေါင်ကျားက အိမ်ပေါ်တက်ဆွဲမလား? လမ်းလျှောက်နေတုန်း ဗြုန်းကနဲ ချုံထဲကထွက်ဆွဲမလား?
ထိတ်ထိတ်လန့်လန့်တွေဖြစ်၊ နေ့တိုင်း?ကျားက ဘယ်ရွာကိုဝင်မွှေသွားသလဲ? ငါတို့ရွာကို ဘယ်နေ့ဝင်မွှေမလဲလို့ ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရပါတယ်။

အခုလည်း ထိုအတိုင်းပါပဲ။ ပိုဆိုးတာက ကျားဆွဲမှ ၁ ယောက်ပဲပါမယ်၊ COVID-19 တွေ့ရင် တပြုံလုံးပါသွားနိုင်ပါတယ်။
မြန်မာပြည်ကိုသာ COVID-19 ဝင်ခဲ့ရင် ဘာတွေဖြစ်မလဲ၊ ဘာတွေကြိုပြင်ဆင်ထားရမလဲ ဆွေးနွေးကြည့်ကြရအောင်။
? COVID-19 တိုက်ပွဲမှာ အောင်နိုင်ဖို့ အရေးအကြီးဆုံးက “လက်မြန်ဖို့” “Speed of response” ပါတဲ့။ ?
♦️WHO က ဝူဟန့်မှာ တရုတ်အဖွဲ့နဲ့ သွားရောက် တာဝန်ထမ်းဆောင်တဲ့ Dr Bruce Aylward က ပြောတာပါ။
သူကတကယ်မြေပြင်တိုက်ပွဲဝင်လာတာဆိုတော့ သူ့အတွေ့အကြုံကို တန်ဖိုးထားရပါမယ်။
♦️ အရေးအကြီးဆုံးက…. ပြည်သူတွေဟာ COVID-19 အကြောင်း ဃဂဏန သေသေချာချာ သိထားအောင် သတင်းမပြတ် ပညာပေးနေဖို့ လိုပါတယ်တဲ့။
⭐ ဒါမှ “အရေးပေါ်အခြေအနေမှာ အစိုးရက ဘာကြောင့် ဒီလိုလုပ်ရတာလဲ? ပြည်သူတွေ ဘာတွေလိုက်နာ ဆောင်ရွက်ရမလဲ” သေသေချာချာသိပါမယ်တဲ့။
သူများနိုင်ငံတွေမှာ ဘယ်လိုအထိနာခဲ့သလဲ၊ ဘယ်လိုအောင်မြင်စွာ ထိန်းချုပ်ခဲ့သလဲ ပြည်သူတွေ သိရှိထားသင့်ပါတယ်။
ကဲ… ဖြစ်လာရင် ဘာတွေလိုလာမလဲ ဆက်ကြရအောင်။
★ ကူးစက်ရောဂါကုဆေးရုံတွေအရေးတကြီးလိုအပ်ပါမယ်။
★ ကျန်းမာရေးဝန်ထမ်းတွေအတွက် PPE ကာကွယ်ရေးဝတ်စုံတွေလိုပါမယ်။
★ ရောဂါရှိမရှိ test kit တွေအများကြီးလိုပါမယ်။
★ နိုင်ငံတော်မှာ ငွေရှိဖို့ လိုပါမယ်။
★ Emergency Response Team တွေ နိုင်ငံအနှံ့လိုပါမယ်။
★ Ambulance တွေ အများကြီးလိုပါမယ်။
★ မကြောက်လန့်၊ တကိုယ်ကောင်းမဆန်ကြဖို့နဲ့ ပြည်သူတွေ စည်းလုံးဖို့လိုပါမယ်။
အပေါ်ကအချက်တွေက အဓိကပါ။ ပြီးတော့ ရှိသင့်တာတွေက ပိုးသန့်ဆေးနဲ့ ရောဂါပိုးသတ် ပစ္စည်းတွေ နဲ့ Mask တွေ အများကြီးလိုပါမယ်။
ကဲ… အပေါ်က လိုအပ်ချက်တွေကို ပြန်ဆွေးနွေးကြည့်ရအောင်။
♦️ ဆေးရုံတွေအရေးတကြီးလိုအပ်ပါမယ်။ တရုတ်ကဒါကြောင့် ဆေးရုံတွေ အရေးတကြီး ရက်ပိုင်းအတွင်း အတွင်းဆောက်ပစ်တာပါ။
ကိုရီးယားက Daegu မှာ လူနာ၂၃၀၀ ကျော်ဟာ ဆေးရုံခုတင်ရဖို့ ပြင်ပနေရာတွေမှာ ယာယီစောင့်နေရတာ အခုမျက်မြင်ပါ။
တရုတ်အစိုးရဟာ ဝူဟန်မှာ ရက်တိုတိုအတွင်း လူနာ 32994 ယောက်အထိ ပွားလာတာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ကျနော်တို့ဆီမှာ လူနာ ၅၀၀၀ ဖြစ်ခဲ့ရင် ဆေးရုံတွေ ဘယ်လိုကိုင်တွယ်နိုင်မလဲ⁉️ အခုကတည်းက ကြိုစဉ်းစားရပါပြီ။
တခုပြောပါအုံးမယ်။ ဒီဝူဟန် COVID-19 ဖြစ်လို့ကတော့ စင်ကာပူ၊ ယိုးဒယားကို ပြေးပြီး သွားကုလို့ အဲ့နိုင်ငံတွေက အဝင်ခံပါ့မလား တွေးကြည့်ပါ။
ဒါကြောင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွတိုက်ပွဲဝင်ကြရပါမယ်။
တရုတ်အစိုးရဟာ ဝူဟန့်မှာ အားကစားရုံတွေ၊ ကျောင်းတွေ၊ ကွန်ဗန်းရှင်းစန်တာတွေကို ယာယီဆေးရုံနဲ့ ကုသရေးဆေးခန်း 40 ကျော်အဖြစ် ပြောင်းခဲ့ပါတယ်။
အရင်က ဝူဟန့်မှာ Grade A ဆေးရုံ ၂၇ ရုံရှိခဲ့တာတောင်မှ ထပ်ပြီးတော့ ဆေးရုံအသစ်တွေကို ရက်ပိုင်းအတွင်းဆောက်ပစ်ပါတယ်။
Huoshenshan က 10 ရက်အတွင်း၊ Leuahenshan က 12 ရက်အတွင်းပြီးပါတယ်။
ဟူဘေးပြည်နယ်မှာ Grade A ဆေးရုံ ၇၀ အထိရှိပါတယ်။
သို့သော်လူကို ကြမ်းပြင်ပေါ်မထားပါ။ (ပုံမှာကြည့်ပါ။)
♦️ဒါ့ကြောင့် တိုင်ပြည်မှာဝင်ငွေရှိရမယ်၊ ပြည်သူတွေ အလုပ်ကြိုးစားရမယ်လို့ ပြောတာပါ။
ဆင်းရဲသားအိမ်မှာ ရောဂါဖြစ်ရင် ချို့ချို့တဲ့တဲ့ ကုကြရတာမြင်ဖူးကြမှာပါ။
တရုတ်က လူဦးရေ ၅၀၀၀၀ မှာ ambulance ၁ စီးရှိရမယ် သတ်မှတ်ထားပါတယ်။
ဒါပေမယ့် တကယ်အစုလိုက်အပြုံလိုက်ဖြစ်တော့ January 24 မှာ လူ ၁၉၄၄၀၀ အတွက် ၁ စီးပဲရှိတဲ့ဘဝရောက်ပါတယ်။
လူ ၂၇၅ ယောက်လောက်ဟာ ambulance ကို မိနစ်တိုင်းမှာ စောင့်နေပါတယ်တဲ့။ ambulance ကလည်း လူနာတယောက်သယ်ပြီးရင် ၁ နာရီလောက်ကြာအောင် ပိုးသန့်ပစ်ရပါတယ်တဲ့။
ဝူဟန့်မှာ လူ 1000 မှာ ဆရာဝန် 4 ယောက်ရှိပြီး မှတ်ပုံတင်သူနာပြု 5 ယောက်နှုန်းရှိပါတယ်တဲ့။
အရေးပေါ်အခြေအနေမှာ ဝူဟန့်ကို ကျန်းမာရေးဝန်ထမ်း 21569 ယောက်ပို့ခဲ့ပါတယ်တဲ့။
မြန်မာပြည်မှာ ကူးစက်ရောဂါအတွက် training ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းလောက်ရှိသလဲမသိပါ။
Emergency response team အရေးပေါ်အဖွဲ့ ဘယ်လောက်ဖွဲ့ပြီး လေ့ကျင့်သင်တန်းပေးနေပြီလဲမသိပါ။

ambulance တွေမလုံလောက်နိုင်ပါ။ အနယ်နယ်အရပ်ရပ်က လွှတ်ကူညီကြမှာသေချာပါတယ်။ အဲ့ဒီ ambulance တွေက ရောဂါမသယ်ဆောင်သွားဖို့ ဂရုစိုက်ရပါမယ်။
PPE ဝတ်စုံတွေ မြန်မာပြည်ပို့ဖို့ ကြိုးစားနေသူတွေရှိပါတယ်။ https://www.facebook.com/1512463695/posts/10221837625839139/?d=n
ဂျပန်နဲ့ စင်ကာပူကလည်း မြန်မာပြည်အတွက် Test kit တွေ လှုဒါန်းတာရှိပါတယ်။ WHO ဆီကလည်း PPE နဲ့ test kit တွေ ရမယ်ထင်ပါတယ်။
အကယ်လို့ အစုလိုက်အပြုံလိုက်ဖြစ်ရင် မလုံလောက်နိုင်ပါ။
အဲ့ဒီတော့ အရေးအကြီးဆုံးက တခုခုဆိုရင် patient zero ပထမဆုံးလူနာကို မိနိုင်ဖို့ လက်သွက်ဖို့ speed of response လိုပါတယ်။
ချီးကျုးစရာက မြန်မာအစိုးရကျန်းမာရေးဝန်ကြီးဌာနက အရင်ထက်ပိုပြီး သတင်းတွေ တင်လာတာ contact tracing ထိတွေ့သူဆက်စပ်လိုက်တာ တွေ့လာရပါတယ်။
အရေးအကြီးဆုံးက ရောဂါရှိသူ မဝင်နိုင်အောင် ပြည်ပအဝင်အထွက်နဲ့ နယ်စပ်တွေမှာ ကြွက်တောင် လွတ်မထွက်နိုင်အောင် သေချာ စိစစ်ရပါမယ်။
အခုထိန်းမနိုင်ဖြစ်နေတဲ့နိုင်ငံတွေကို ကြည့်ပါမယ်။
တောင်ကိုရီးယား- SCJ church အုပ်စုဝင်တွေထဲပြန့်နေတယ်။ ဘာသာရေးလုပ်ရှားမှုတွေနဲ့ လူစုလူဝေးကနေ လူပေါင်းများစွာကိုပြန့်သွားတယ်။
အစိုးရက ဘာသာရေးခေါင်းဆောင်ကို လူသတ်မှု၊ သတင်းထိန်ချန်မှုနဲ့ တရားစွဲဖို့ပြင်နေပါပြီ။
အီရန်ဆိုရင် တရုတ်ကိုသွားခဲ့တဲ့ ကုန်သည်ကစလိုက်တာ ယနေ့အထိ လူပေါင်း ကျော်ရှိပြီ။ ဘာသာရေးမြို့တော်မှာ ခေတ်မမှီတဲ့ ဟောပြောမှုတွေနဲ့ ကုစားဖို့လုပ်နေရင်း သေကုန်ကြတယ်။
အီတလီဆို တရုတ်တိုးရစ်မှာတွေ့ရာက စလိုက်တာ အခုမြို့တွေပိတ်ထားတောင် မနိုင်မနင်းဖြစ်နေတုန်း။ မပိတ်ရင်ပိုတောင်ဆိုးမယ်။
တရုတ်မှာစဖြစ်ကတည်းက ခပ်ပေါ့ပေါ့နဲ့လုပ်နေလို့ တကမ္ဘာလုံးအထိ ပြန့်ကုန်တယ်။ အခုတင်းကျပ်စွာကိုင်တွယ်လိုက်တာ သိသာစွာနိုင်နင်းလာတယ်။
တဖက်က နိုင်နင်းတဲ့နိုင်ငံတွေ ကြည့်ရအောင်……
စင်ကာပူဆို case တခုချင်းမရရအောင်လိုက် ပြီး မလွတ်အောင် စိစစ်တယ်။ ဒါတောင် Grand Hyatt က စကူးတဲ့ patient zero က ဘယ်သူမှန်းမသိသေးဘူး။
ဗီယက်နမ်တွေ့တဲ့ ရွာတွေ လမ်းတွေပိန်ချပြီး ကျပ်ကျပ်မတ်မတ်ကုလိုက်တာ ငြိမ်သွားတယ်။
ဖိလစ်ပိုင်၊ နီပေါ တို့လည်းထိန်းနိုင်ကြတယ်။
တရုတ်တိုးအုပ်စုနဲ့ အခြားနိုင်ငံခြားသားအဝင်အထွက်နည်းရင် သက်သာတာကို တွေ့ရတယ်။
ရုရှားမှာ ၂ ယောက်တွေ့ကတည်းက အသေအချာကိုင်တွယ်လိုက်တာ အီတလီမှာဖြစ်မှ ၁ ယောက်ထပ်တိုးတယ်။
နောက်ပြဿနာတစ်ခု က လိုအပ်ရင် မြို့တွေ၊ ရပ်ကွက်တွေအလိုက် ပိတ်ချထိန်းချုပ်ဖို့။
မြန်မာပြည်မှာ ရန်ကုန်မှာသာတွေ့ရင် မြို့နယ်၊ ရပ်ကွက်အလိုက်သေချာထိန်းချုပ်နိုင်လား။ ကြိုစဉ်းစားစရာဖြစ်ပါတယ်။
ဒီဝူဟန်ကိုရိုနာကိစ္စက မီးနဲ့တူပါတယ်။ မြန်မြန်စမီးပွားကို သတ်နိုင်လေ ထိန်းချုပ်ရလွယ်ကူလေပါပဲ။
အဲ့ဒီမှာ အထည်ချုပ်စက်ရုံတစ်ခုမှာသာတွေ့ရင် ဘာလုပ်ကြမလဲ? ကျနော်တို့ဆီမှာက သူ့စက်ရုံ ကိုယ့်စက်ရုံ အကုန် အဆောင်တွေမှာ ပေါင်းနေကြတော့ အကုန်ကူးကုန်ပါမယ်။
အဲ့ဒီမှာမြို့မှာမကုနိုင်လို့ ဖျားတာနဲ့ ရွာပြန်သွားကြရင် ရွာတွေနယ်တွေ မြန်မာနိုင်ငံအနှံ့ပြန့်သွားနိုင်ပါတယ်။
အခုအချိန်မှာ စက်မှုဇုံမှာ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ ကြိုတင်အဖွဲ့ဖွဲ့စီမံသင့်ပါတယ်။
စက်ရုံတွေပိတ်ရလို့ အလုပ်လက်မဲ့နဲ့ စီးပွားရေးရိုက်ခတ်မှုတွေရှိလာရင် မင်းမဲ့စရိုက်တွေပါပါလာပါမယ်။
အစက တရုတ်မှာ ရှောပင်းမောမှာ အလုအယက်ဝယ်ကြတော့ အံဩကြ ကဲ့ရဲ့ကြတယ်။ မကြာခင်ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူတောင် ဓားပြတိုက်တာဖြစ်တယ်။
မကြာခင်စင်ကာပူမှာ ပစ္စည်းတွေ ကြောက်လန့်တကြားပြေးဝယ်ကြ၊ ဆန်ပြတ်ကြဖြစ်တယ်။
နောင်မကြာခင် ဩစတေးလျ၊ တောင်ကိုရီးယား။ နောက်တော့ အီတလီမှာ။ တနေ့က ဂျာမနီမှာ။ နောက်ဆုံး အမေရိကန်တချို့မြို့တွေမှာပါ ကုန်တိုက်မှာ ပစ္စည်းပြောင်အောင်ပြေးဝယ်စုဆောင်းကြတယ်။
ဒီမှာဆိုရင် ဘာတွေဖြစ်ကုန်မလဲ? ဖယောင်းဂိုတောင်မီးလောင်တာတောင် ရဲမနိုင်အောင်ဖြစ်ခဲ့သေးတာ။
social, economical effect အားလုံးအတွက် ကြိုတင်ပြင်ဆင်ရပါတော့မယ်။
Singapore ဟာ ကျနော်တို့ကို 2001 ခုနှစ်ကတည်းက Total Defence က သင်ပါတယ်။ ကျနော်တို့နှစ်ကစပြီး final ရောက်နေသူတွေပါမကျန် မှီသလောက် Engineering and Society ကို မသင်မနေရသင်ရပါတယ်။
အဲ့ဒီအကြောင်းနောက်မှ သပ်သပ်ရေးပါမယ်။
အခုဆွေးနွေးခဲ့တာတွေဟာ အခြေခံပဲဖြစ်ပြီး ဒီကနေအများကြီးဆင့်ပွား ဖြစ်နိုင်ပါတယ်။
နိုင်ငံတိုင်းဟာ ဒီကပ်ဆိုးက ပြန်နိုးထဖို့ ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးဖို့ပြင်နေကြပါပြီ။
ကျနော်တို့မှာနဂိုကမှ မွဲရတဲ့အထဲ တိုင်ပြည်ထူထောင်ဖို့ ၁ ဘီလီယံတောင် မသုံးနိုင်ပဲ သူများဆီက ငွေချေးနေရတာမို့ ပိုမို ဂရုစိုက်ပြင်ဆင်သင့်တယ်မလား။
ယခုအချိန်မှာ ဘယ်နိုင်ငံဘာဖြစ်ခဲ့တယ်၊ ငါတို့ဘာလုပ်ရမယ်ဆိုပြီး ဝီရိယပိုပိုသာသာနဲ့ ပြင်ဆင်နေသင့်ပါပြီ။
ဗုဒ္ဓက ဗောဇ္ဈင်္ဂသုတ်မှာ “ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။ ဝီရိယံ ပီတိ ပဿဒ္ဓိ၊….. ” ဗောဇင် ၇ ပါးမှာ (၁) သတိ၊ (၂) အမှန်ကိုသိ၊ (၃) ဝီရိယရှိလို့ စဟောထားတယ်မလား။ ဒါဆိုရင် ဗုဒ္ဓတရားတော်ကို တကယ်နားထောင်ရင်…
အခုအခြေအနေမှန်ကို သိကာ လူစုလူဝေးတွေရပ်ကာ သတိထား၍ ဝီရိယရှိစွာ ပြင်ဆင်ထားသင့်ပါကြောင်း။
Richard Myo Thant
5-Mar-2020