ထိုင်းနိုင်ငံမှာ တနေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးအဖြစ် အယောက် ၆၀ အထိ မြင့်တက်ခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူက မတ် ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ စုစုပေါင်း ကူးစက်ခံရသူ ၂၇၂ ဦးအထိ ရှိလာပြီး သေဆုံးသူတဦး ရှိပါတယ်။

အသစ်ကူးစက်ခံရသူတွေထဲမှာ ၄၃ ဦးက အရင်ကူးစက်ခံရသူတွေနဲ့ ဆက်စပ်နေပြီး ၁၇ ဦး ကတော့ အီတလီ၊ မလေးရှား၊ ဂျပန်၊ အီရန် နဲ့ ထိုင်ဝမ်တို့က ရောက်လာသူတွေ ပါဝင်တယ်လို့ ရောဂါထိန်းချုပ်ရေးဌာန ညွှန်မှူးက ပြောခဲ့ပါတယ်။
နောက်ပြီး မကြာမီက ကူးစက်ခံရသူ အတော်များများဟာ နိုက်ကလပ်၊ လက်ဝှေ့ပွဲနဲ့ ဆက်စပ် နေတယ်လို့လည်း ညွှန်မှူးက ဆိုပါတယ်။
ဒါကြောင့် မတ် ၁၉ ရက် မနက်အစောပိုင်းက မြို့တော်ဘန်ကောက်မှာ ထိုင်းစစ်တပ်က ပိုးသတ်ဆေးဖျန်းနေရပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်