နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Coronavirus စစ်ဆေးကိရိယာကို နိုင်ငံအဝင်အထွက် နေရာတွေမှာ ်မတ်လ ငါးရက်နေ့မစပြီး အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထိုကိရိယာဟာ Coronavirus ရောဂါပိုးရှိမရှိကို သုံးနာရီအတွင်းသိနိုင်မှာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ထိုကိရိယာကို စင်ကာပူ ကျန်းမာ ရေးနည်း ပညာဌာနနဲ့ Verdus ဓါတ်ခွဲခန်းများအဖွဲ့တို့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး တိကျမှု ၉၉ရာခိုင်နှုန်းရှိတယ်လို့လည်း သိရပါတယ်။

ထုတ်လုပ်ခွင့်လည်းကျပြီဖြစ်ကာ ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေမှာ အသင့်သုံးစွဲနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ယခု ကိရိယာဟာ ယခင်အသုံးပြုနေတဲ့ ကိရိယာထက် အဖြေကို ပိုမိုမြန်ဆန်စွာ ထုတ်ပေးနိုင်ပြီး ယခင်ကိရိယာကတော့ ရောဂာရှိမရှိနဲ့ ရောဂာရဲ့ အခြေအနေကိုပါ တပါတည်း သိရှိနိုင်တာပါ။ သံသယရှိလူနာဆီမှ Sample တွေကို Pasir Panjang Scanning Station ရှိ ဓါတ်ခွဲခန်းတစ်ခုကို ပို့မည်ဖြစ်ကာ ထိုဓါတ်ခွဲခန်းတွင် ပညာရှင်အယောက် ၂၀ ကို အချိန်ပိုင်းအလုပ်လုပ်စေမည်ဖြစ်ကာ တစ်နေ့ကို အယောက် ၂၀၀ စာအထိစစ်ဆေးပေးနိုင်မှာဖြစ်တယ်လို့ လည်း သိရပါတယ်။

လုပ်ဆောင်မှုအဆင့်သုံးမျိုးခွဲခြားထားပါတယ်။ ရှေးဦးစွာ သံသယရှိလူနာဆီမှ Sample ကို RNA (ribonucleic acid ) ထုတ်ယူမှာဖြစ်ပါတယ်။ ထို့နောက် RNA ကို DNA (deoxyribonucleric acid ) အဖြစ်သို့ ကူးပြောင်းစေမှာဖြစ်ပါတယ်။ မကူးပြောင်းခင်ကာလအတွင်းမှာ Polymerase chain raction တစ်ခု ဖြစ်ပေါ်စေမည်ဖြစ်ကာ ၎င်းဓါတ်ပေါင်းစည်းမှုမှတဆင့် ရောဂာရှိမရှိကို သိရှိနိုင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အဖြေကို ကျန်းမာရေးဌာနကို အချိန်နှင့်တပြေးညီ ပေးပို့သွားမှာလည်းဖြစ်ပါတယ်။ မတ်လ ၅ ရက်နေ့ ညနေ ၆နာရီအထိ sample တစ်ခုကို စတင်စစ်ဆေးနေ ပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ယခုအပတ် အင်္ဂါနေ့ကတည်းက နိုင်ငံအဝင်အထွက် နေရာတွေအားလုံးမှာ စစ်ဆေးမှုတွေပြုလုပ်ဖို့ ကြေငြာခဲ့တာပါ။ စင်ကာပူနိုင်ငံအတွင်းသို့ဝင်ရောက်လာမယ့် အပူချိန်ရှိနေသူ နှာစေးချောင်းဆိုးရှိနေသူ အားလုံးအစစ်ဆေးခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
လောလောဆယ်တော့ အပူချိန်တိုင်းတာခြင်းကို အကူဝန်ထမ်းတွေကလုပ်ဆောင်ပြီး အခြေအနေထူးခြားမှသာ ကျန်းမာရေးဝန်ထမ်းတွေက ဆက်လက်စစ်ဆေးကုသသွားမှာဖြစ်ပါတယ်။ စစ်ဆေးခံရသူဟာ ရောဂါမရှိခဲ့ရင်တောင် စင်ကာပူနိုင်ငံအတွင်းဝင်ရောက်ပါက လူထူထူကိုမသွားရောက်ဖို့ သတိပေးခံရမှာဖြစ် ပါတယ်။ ရောဂာပိုးရှိခဲ့တယ်ဆိုရင်တော့ ဆေးရုံကားနဲ့ ကုသမှုခံယူဖို့လိုက်ပါသွားရမှာဖြစ်ပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA