ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယမန်နေ့ညက ရိုးမားကို ၁-၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရူးလောက်တဲ့အကွက်နဲ့ ရိုးမားနောက်ခံလူ စမောလင်းကို ကျော်ဖြတ်ပြပြီး အသက် ၃၅နှစ်အရွယ်ရောက်ချိန်အထိ ငယ်မူငယ်သွေးတွေပြနေဆဲဆိုတာ ထပ်မံသက်သေပြသွားပါတယ်။
ဂျူဗင်တပ်စ်အသင်းက ပွဲချိန် ၁၀မိနစ်အရောက်မှာပဲ ဝ-၂ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုလည်း စမောလင်းကို ကျော်ဖြတ်ရင်း လှပတဲ့စကေးကို ပြသသွားတာပါ။

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကနေ ရိုးမားကို တစ်ရာသီအငှားနဲ့ လာရောက်ကစားနေတဲ့ စမောလင်းနဲ့ ပြိုင်ဘက်ပင်နယ်တီဧရိယာထဲ ရင်ဆိုင်အတွေ့ လှပသိမ်မွေ့လွန်းတဲ့ လှည့်ကွက်တွေနဲ့အတူ ကျော်ဖြတ်နိုင်ခဲ့တာပါ။
သူဟာ ပင်နယ်တီဧရိယာအတွင်း ဘောလုံးလက်ခံရရှိခဲ့ပြီးနောက် ညာခြေနဲ့ အသာလေးနောက်ပြန်ထိန်းကာ ကိုယ်လုံးလှည့်လိုက်တဲ့အချိန်မှာ တစ်ခါတည်း ဘယ်ခြေနဲ့ လှည့်ထွက်သွားတာဖြစ်ပြီး စမောလင်းလည်း ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

ဒီစကေးနဲ့ပတ်သက်လို့ တွစ်တာမှာ ပရိသတ်တွေကလည်း ရော်နယ်ဒိုကို ချီးကျူးနေကြပြီး အကောင်းဆုံးပုံစံ ပြန်ရပြီလို့လည်း ယုံကြည်နေပါတယ်။
Cristiano Ronaldo v. Chris Smalling’s can only end one way….
WHAT A MOVE!#LiveOnStrive pic.twitter.com/WpK3YfNCFz
— Strive Sport (@strivesport) January 12, 2020
”ရော်နယ်ဒိုကတော့ စမောလင်းကို ပတ်ချာလည် လှည့်လိုက်တာပဲ”။ ”ရော်နယ်ဒိုဟာ အခုဆိုရင် စီးရီးအေမှာ ပြိုင်ဘက်တိုင်းကို ဂိုးသွင်းယူတဲ့ကစားသမားဖြစ်လာပြီး ဒီလိုဖြစ်ဖို့ သူ့အနေနဲ့ တစ်ရာသီခွဲပဲ အချိန်ယူခဲ့ရပါတယ်”လို့ ပရိသတ်တွေက အသီးသီးချီးကျူးခဲ့ပါတယ်။
ဂျူဗင်တပ်စ်ကလည်း အဲဒီပွဲမှာ ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့လို့ အင်တာမီလန်ကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကို ပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်။
Source: The Sun