ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာ ရဟန်းရှင်လူတွေကို ဆက်ကပ်ပေးအပ်တဲ့ ဘွဲ့တံဆိပ်တွေရှိပါတယ်..။
အဲဒီထဲကမှာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် (၈)မျိုးထဲမှ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် (အမျိုးသမီး)ဘွဲ့ကို အသက်ငယ်ငယ်နဲ့ ရရှိသွားသူကတော့ ဒေါ်ပိုးအိဖြူမောင်ပဲဖြစ်ပါတယ်…။

ဒီလိုသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ပေးအပ်ရမှာ ရှိရမဲ့ ဂုဏ်အင်္ဂါအရည်အချင်းတွေရှိပါတယ်…အဲတာတွေကတော့ ..
“(၁)ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။(၂) ရှင်သာမဏေ အပါး ၂၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။
(၃) ရှင်သာမဏေ အပါး ၂၀ ကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။


(၄) ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။
(၅) ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာဝရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။
(၆) ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။(၇) တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။


(၈) သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။
(၉) ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ
စုစုပေါင်းသည် ကျပ်သိန်း ၄၀၀၀ အထက် ရှိခြင်း။တို့ပဲဖြစ်ပါတယ်…”
ဒါကြောင့် အထက်ပါအရည်အချင်းတွေနဲ့ ပြည့်စုံပြီး ရုပ်ကလေးကလည်းချောလှ စိတ်ထားကလည်း ကောင်းပြီး အသက်ငယ်ငယ်နဲ့ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရရှိသွားတဲ့ ဒေါ်ပိုးအိဖြူမောင်အတွက် ဝမ်းသာစကားလေးတွေဆိုခဲ့ကြပါအုံးနော်…..။


Source ; ကမ်းနား-သစ်ပင်