မနေ့က အင်ဒိုနီးရှားနိုင်ငံမှာ ထိုးသတ်သွားခဲ့တဲ့ MMA ဝမ်းချန်ပီယံရှစ်ပွဲစဉ်မှာ နယ်သာလန်နိုင်ငံ သား ဖိုက်တာ ဒီရိုကဒါက ဘရာဇီးနိုင်ငံသား အက်တီဒက်စ် ကို အမှတ်နဲ့ အနိုင်ယူထိုးသတ်ခဲ့ပါတယ်။
အဆို ပါပွဲစဉ်မှာ အနိုင်ရတဲ့သူက အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်ချန်ပီယံရွှေခါးပတ်ကိုရယူဖို့အတွက် စိန်ခေါ်ထိုးသတ်ခွင့်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် အနိုင်ရခဲ့တဲ့ ဒီရိုက်ဒါက အောင်လအန်ဆန်ကို စိန် ခေါ်ခွင့်ရရှိမှာဖြစ်ပြီး ပွဲအပြီးမှာတော့ အောင်လအန်ဆန်ကို အတိအလင်းစိန်ခေါ်သွားခဲ့တာဖြစ်ပါတယ်။ ဒီရိုက်ဒါက ပြောကြားရာမှာတော့

“ အောင်လေ ရေ မင်းအဆင်သင့်ဖြစ်ပြီလား။ မင်းကြိုက်တဲ့နေရာ၊ ကြိုက်တဲ့အချိန်၊ကြိုက်တဲ့နေ့ကိုသာ ရွေးကွာ။ မင်းက ဒီလို ရွေး ဖို့အတွက် ထိုက်တန်ပါတယ်။ ဒါပေမယ့် ရွှေခါးပတ် ကိုတော့ ပြောင်လက်နေအောင် ဆက်ပြီး တိုက်ချွတ် ထားလိုက်ကွာ။ အဲဒီခါး ပတ်ကိုငါ လာယူမှာမလို့ကွ”

လို့ အောင်လကို စိန်ခေါ်သွားခဲ့တာဖြစ်ပါတယ်။ အသက်၂၉နှစ်ရှိ နယ်သာလန်နိုင်ငံသား ဒီရိုက်ဒါဟာ အရပ် အမြင့် ၆ပေ ၄လက်မမြင့်ပြီး MMA ၁၂ ပွဲ ကစားအပြီးမှာ ၁၂ပွဲစလုံးအနိုင်ရရှိထားသူဖြစ်ပါတယ်။အောင်လအန်ဆန်ကတော့ အသက်၃၄နှစ် အရပ် ၆ပေ၁လက်မရှိပြီး MMA စုစုပေါင်း၂၆ပွဲမှာ ၁ဝပွဲရူံးနိမ့်ထားပါတယ်။

ဒါပေမယ့် နောက်ဆုံး ရပွဲ ဆက်တိုက် အနိုင်ရရှိထားတဲ့ေ အာင်လအန်ဆန်ဟာ ဒီရိုက်ဒါ နဲ့ ပွဲမှာတော့ အကောင်းဆုံး ပွဲစဉ်အဖြစ် ဆက်လက်မြင်တွေ့ရဖို့ရှိနေပါတယ်။ မစ်ဒယ်ဝိတ်ချန်ပီယံရွွှေခါးပတ် စိန်ခေါ်ပွဲအဖြစ် အောင်လကို ဒီရိုက်ဒါက စိန်ခေါ်ထိုးသတ်နိုင်မှာဖြစ် ပါတယ်။ ဘယ်နေ့၊ဘယ်နေရာ၊ဘယ်အချိန်မှာ ထိုးသတ်မလဲဆိုတာကိုတော့ ဝမ်းချန်ပီယံရှစ်က မကြာ ခင်သတင်းထုတ်ပြန်ပေးဖို့ရှိနေပါတယ်။
Jack(Sport Reader)