ယခု ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာတွေဟာ မြောက်ကိုရီးယားနိုင်ငံအတွင်း ရောဂါကူးစက်မှုကို အချိန်မှီသိရှိနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေကတဆင့် ကူညီပေးခဲ့ပေမယ့် နယ်စပ်ဂိတ်တွေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကြန့်ကြာနေခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံဟာ ယခုအချိန်အထိ နိုင်ငံအတွင်းကူးစက်ခံရသူမရှိသေးဟု အတန်တန်ပြောနေပေမယ့်လည်း မြောက်ကိုရီးယားအရေးစောင့်ကြည့်နေတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတွေကတော့ ပြီးခဲ့တဲ့အပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံတွင်းမှာ ရောဂါအရိပ်အယောင်ရှိခဲ့တယ်လို့ဆိုနေကြပါတယ်။
မြောက်ကိုရီးယားမှာရောက်ရှိနေတဲ့နိုင်ငံခြားသားတွေဟာ တခြားနိုင်ငံတွေလို ၁၄ ရက်ခွဲခြားခံရခြင်းမျိုးမဟုတ်ပဲ ရက် ၃၀ တိတိ စောင့်ကြည့်ခံရမှာဖြစ်ပါတယ်။ စစ်လက်နက်စမ်းသပ်မှုတွေကြောင့် စီးပွားရေးအရေးယူမှုတွေခံနေရတဲ့ မြောက်ကိုရီးယားအတွက် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာလွန်စွာမှ အားနည်း မှုတွေရှိနေပါတယ်။

ယခု ကိုရိုနာဗိုင်းရပ်စ် ဟာ ကူးစက်မှုနှုန်းအရမ်းမြန်ပြီး နိုင်ငံတိုင်းပွင့်လင်းမြင်သာမှုရှိမှာသာ ရောဂါကို ပူးပေါင်းထိန်းချုပ်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ အခြားသောနိုင်ငံတွေက မြောက်ကိုရီးယားကို ရောဂါနဲ့ပတ်သတ်ပြီး ပွင့်လင်းမှုရှိဖို့ဖိအားပေးနေရခြင်းလည်း ဖြစ်ပါတယ်။ ဒါမှ သာ လိုအပ်တဲ့အကူအညီတွေပေးနိုင်မှဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကို အမြတ်ဖျက်နိုင်မှာဖြစ်ပါတယ်။
အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ United Nations ကို မြောက်ကိုရီးအပေါ်စီးပွားရေးပိတ်ဆို့မှုအနည်းငယ်လျော့ချပေးဖို့နဲ့ ကြက်ခြေနီအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေကို နယ်စပ်တင်းကြပ်မှုမရှိပဲ နိုင်ငံတွင်းပေးဝင်ဖို့ မြောက်ကိုရီးယားကိုလည်း တောင်းဆိုနေကြပါတယ်။

လောလောဆယ် မှာတော့ ဆေးရုံသုံးအကာအကွယ် ပစ္စည်းတွေနဲ့ အသက်ရှူလမ်းကြောင်း ဖေးကူးစက်ကိရိယာတွေကို ပထမအသုတ်အနေနဲ့ တရုတ်နိုင်ငံမှတဆင့် ပေးပို့နေပြီဖြစ်ပါတယ်။ သို့သော်လည်း မြောက်ကိုရီးယား နယ်စပ်စည်းမျဉ်းတွေကြောင့် အထောက်အပံ့တွေက ကြန့်ကြာနေပါတယ်။ ဒါ့အပြင် နယ်စပ်ဖြတ်ကျော်လာ တဲ့ ပစ္စည်းတွေကိုနိုင်ငံတွင်းမဖြန့်ချီခင် မှာ ၁၀ ရက်တာ သီးသန့်ခွဲခြားထားရှိဖို့လည်း မြောက်ကိုရီးယားက ပြောနေပါတယ်။ ဒါ့ကြောင့် အကူအညီပေးရေးပစ္စည်းတွေဟာ အချိနိမှီမရောက်ရှိမှာကို စိတ်ပူနေကြပါတယ်။
Writer- ZWP
Source – CNA