အိန္ဒိယနိုင်ငံမှာ ငါးလအရွယ်မိန်းကလေးငယ်ဟာ အသက် ၃၀ ရှိပြီးဖြစ်တဲ့ အကိုတစ်ဝမ်းရဲ့ အဓမ္မကျင့်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
စနေနေ့ညက Daudnager မြို့ရဲ့အရှေ့တောင်ပိုင်းမှာ ကလေးငယ်ရဲ့မိဘများဟာ ဆွေမျိုးမင်္ဂလာပွဲ တက်ရောက်နေချိန် တရားခံဟာ သူရဲ့အဒေါ် (မိန်းကလေးရဲ့အမေ) ကို ကလေးမလေးကို ဆော့ကစားဖို့ခေါ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မင်္ဂလာပွဲကျင်းပနေချိန် ည ၇ နာရီလောက်မှာ သူမဟာ ကလေးကိုပုခတ်လွှဲပေးနေရတာကြောင့် တူရဲ့ ပြောစကားကို အလွယ်တကူပဲလက်ခံခဲ့ပါတယ်။
နှစ်နာရီကြာပြီးတဲ့နောက် ကလေးကိုနို့တိုက်ဖို့ လိုက်ရှာချိန်မှာ မင်္ဂလာပွဲကျင်းပရာမြက်ခင်းပြင်ပေါ်တွင် သတိလစ်နေတာကိုတွေ့ရှိခဲ့ပါတယ်။ သူမရဲ့ဘေးမှာလည်း တရားခံ တွေ့ရှိခဲ့တာကြောင့် အဓမ္မပြုကျင့်သူလို့စွပ်စွဲပြောဆိုခဲ့ပါတယ်။
ကလေးကိုတွေ့ရှိချိန် မေ့မြောနေတာကြောင့် Vivekananda Polyclinic Hospital (KGMU ကာယိအိန္ဒြေထိခိုက်မှု ရှာဖွေရေးစင်တာ) ကိုပို့ဆောင်ခဲ့သော်လည်း ကလေးငယ်ဟာ ဆေးရုံရောက်ချိန်မှာ သေဆုံးသွားခဲ့ပါတယ်။
ဆရာဝန်တွေဟာ ကလေးငယ်သေဆုံးသွားပြီဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပြီးနောက် ကလေးရဲ့ဖခင်ဟာ တရားခံကို မုဒိန်းမှု၊ လူသတ်မှုတို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။
မင်္ဂလာဆောင်တွင် ထိတ်လန့်ဖို့ကောင်းတဲ့ အဖြစ်အပျက်ကြီးဖြစ်နေချိန်မှာ ‘Pappu’ လို့အမည်ရတဲ့ တရားခံဟာ ထွက်ပြေးသွားခဲ့ပြီး နောက်တစ်နေ့မှာ ရဲတွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ရဲဋ္ဌာနချုပ်ရဲ့ ဒုရဲအုပ်ဖြစ်တဲ့ Sarvashresth Tripathi က “ကလေးငယ်ကို လူမဆန်စွာအဓမ္မပြုကျင့်မှု ၊သေစေမှုတို့ကြောင့် တရားခံဟာ ထောင်ဒဏ်နှစ်ပေါင်းများစွာကျခံရပါလိမ့်မယ်” လို့ Times of India သတင်းစာကို ပြောဆိုသွားပါတယ်။
Writer – Leo ( The Lifestyle Myanmar )
Source: Daily Mail