မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝုဗ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး သရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်၃ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့မူ အပေါ်မှာ ဝေဖန်မူတွေရှိခဲ့ပေမယ့်လည်း နည်းပြဆိုးလ်ရှားကတော့ ကစားသမားတွေ အနေနဲ့ ပွဲပန်းမူတွေရှိ ကြောင်း ဝန်ခံပြောကြားသွားခဲ့ ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ၃ပွဲ ဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပေမယ့်လည်း လာမယ့်တစ်ပတ်မှာ ဆောင်းရာသီ အားလပ်ရက် ရရှိ မှာဖြစ်တာကြောင့် နောက်တစ်ပွဲစဉ်မှာ သွင်းဂိုးတွေနဲ့ပြန်လာမယ်လို့ ကြုံးဝါးသွားခဲ့တာဖြစ်ပါတယ်။
ဆိုးလ်ရှားက ဝုဗ်နဲ့ ပွဲအပြီးမှာ ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်ဆုံးနေတဲ့အပေါ်မှာသုံးသပ်ရာမှာတော့ “ ဒီပွဲက မျှော်လင့်ထားခဲ့သလိုပဲ အမှန်တကယ်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ပွဲကို စိုးမိုးနိုင်ခဲ့တယ်။ ဘောလုံးပိုင်ဆိုင်မူအသာရခဲ့တယ်။ကျွန်တော်တို့အတွက်ပြဿနာဖြစ်ခဲ့တာက ကောင်တာတိုက်စစ်နဲ့ တည်ကန်ဘောတွေကနေဖြစ်ပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ ပွဲတွေ အများကြီးကစားခဲ့ ရပြီး ကစားသမားတွအတွက်ပွဲပန်းမူတွေရှိပါတယ်။သူတို့အတွက် အားလပ်ရက်လိုပါတယ်။ ကျွန်တော့် ကောင်လေးတွေအတွကတော့ ကျွန်တော် အလွန်ပျော်ရွှင်ပါတယ်။သူတို့ အစွမ်းကုန် ကြိုးစား ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ ဧရိယာထိပ်မှာတော့ ပျက်ကွက်မူတွေရှိပါတယ်။ ကျွန်တော်တို့ကို နား ရက်ပေးပါ။ အဲဒါပြီးရင်တော့ သွင်းဂိုးတွေနဲ့ ပြန်လည်စတင်ပါမယ်” လို့ ဆိုးလ်ရှားက ပြောပြ သွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်တစ်ပတ်မှာ ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းမှာသွားရောက်ရင် ဆိုင်ကစားရဖို့ရှိနေတာပါ။ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် ၂ပတ်ခန့် အနားရချိန်ရှိတာကြောင့် လာမယ့် အပတ် မှာတော့အင်ပြည့်အားပြည့်နဲ့ ကစားပြီး ဂိုးပေါက်ပျောက်ဆုံးမူကို အဆုံးသတ်ဖို့ ရည်မှန်းထား တာဖြစ်ပါတယ်။
Jack ( Sports Reader )