သူမနာမည်ကတော့ Paige Spiranac ပါတဲ့။ အသက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ ပရော်ဖက်ရှင်နယ် ဂေါ့ဖ်မယ်လေးပါ။ ဂေါ့ဖ်ကစားတဲ့သက်တမ်းနုတွေထဲမှာတော့ ပညာရှင်တွေရဲ့ချီးကျူးခြင်းကို ခံနေရသူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ပရိတ်သတ်တွေလည်း ပေါပေါသီသီကို အခိုင်အမာရထားသူလည်း ဖြစ်ပါတယ်။

Paige အနေနဲ့ ဂေါ့ဖ်လောကမှာသာမကဘဲ လူမှုကွန်ယက်တွေမှာလည်း နာမည်ကြီးဆယ်လီတစ်ယောက်လို့ ဆိုရမှာပါပဲ။ Instagram မှာ follower ပေါင်း ၁.၅ မီလီယံအထိ ရထားတဲ့ Paige Spiranac နဲ့ မိတ်ဆက်ပေးပါရစေ။


သူမကဟာ Catus Tour ရဲ့ ပင်တိုင်ကစားသမားအဖြစ် ဂေါ့ဖ်လောကထဲ ဝင်ရောက်လာခဲ့ပြီး ပရော်ဖက်ရှင်နယ်ကြေးစားကစားသမားအဖြစ် ၂၀၁၅ ခုနှစ်မှာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၆ ခုနှစ်တုန်းက ဒူဘိုင်းမှာပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုဟာ အမျိုးသားသီးသန့်အဖြစ် ပြောင်းသွားခဲ့တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမပြုတော့ပါဘူး။ အဲဒီအချိန်ကစပြီး ပြိုင်ပွဲတွေ တောက်လျှောက်နားခဲ့တာပါတဲ့။

ဒါပေမဲ့လည်း ဂေါ့ဖ်နည်းပြအဖြစ် ရပ်တည်နေခဲ့ကာ အခုနောက်ပိုင်းမှာမှ ပြိုင်ပွဲတချို့ဝင်ရောက်ယှဉ်ပြိုင်ရင်း ကစားသမားဘဝထဲ ပြန်ဝင်လာခဲ့တာပါ။ သူမအနေနဲ့ လေးစားအားကျရတဲ့သူကတော့ ဂေါ့ဖ်ကျော်အမော် Tiger Woods ပဲဖြစ်ပါတယ်။ Tiger Woods နဲ့ Paige တို့နှစ်ဦးဟာ ရင်းနှီးတဲ့စီနီယာ-ဂျူနီယာ မိတ်ဆွေဆက်ဆံရေးနဲ့ ရင်းနှီးနေခဲ့တာပါ။ နောက် The Sun နဲ့ အင်တာဗျူးမှာဆိုရင်လည်း Paige ကို အမျိုးသမီးကစားသမားတွေထဲ တော်တော်လေး ကြိုးစားသူအဖြစ် Tiger Woods က ချီးကျူးစကားပြောခဲ့ပါသေးတယ်။


ဒါကတော့ Paige ရဲ့ Instagram account လေးပါ။ Paige ကတော့ ဂေါ့ဖ်ပြိုင်ပွဲတွေထဲ ဆက်တိုက်ဆိုသလို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေ တစိုက်မတ်မတ်ပြုလုပ်လျက်ရှိနေပါတယ်။
Source from( Dailymail)