စကားပြောရင် ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး ဆုအိမ့်စံကတော့ အချိုးအစားကျတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေးပါ ။

လတ်တလောမှာတော့ ဆုအိမ့်စံက အသည်းယားဖွယ်ကောင်းတဲ့ ဖက်ရှင်လေးနဲ့ လှချင်တိုင်း လှနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ လိုက်ဖက်ညီလွန်းလှတဲ့ ဖက်ရှင်လေးနဲ့ ဘေဘီဆုလေးရဲ့ပုံရိပ်တွေက အရမ်းကို လှနေတာပါနော်။


ဆုအိမ့်စံကတော့ “… ငါ့ကိုမချစ်ဖူး… သီချင်းလေးထိမိ ” ဆိုပြီး အဆိုတော် Ar T ရဲ့သီချင်းလေးနားထောင်ရင်း သူမရဲ့ ချစ်စရာအလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဆုအိမ့်စံကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။


Source: Hsu Eaint San’s Facebook