တန့်ဆည် မြို့နယ်ထဲမှာ နှမျောစရာ အကောင်းဆုံးကတော့ တရုတ် ဖရဲခင်းတွေပါ…..
ဝူဟန် ရောဂါပိုးကြောင့် ဖရဲလာစိုက်တဲ့ တရုတ်တွေပြည်ကြီးပြန်ပြေးကြပြီ… ဖရဲသီးတွေ တရုတ်ပြည် ပို့လည်း ဟိုမှာ ဝယ်စားမဲ့ သူ မရှိတော့ဘူး တဲ့
အဲ့ဒီတော့ ဆက်ပြီး အရင်းမထည့်တော့ပဲ ဖရဲခင်းတွေ ဒီအတိုင်းထားပြီး ပြန်ကြပြီ.။ဘာ ဗီဇာနဲ့ လာကြလဲတော့ မသိပါဘူး။
ဖရဲခင်းကြီးတွေက တစ်ကွင်း တစ်ကွင်းကို ဧက ၅၀ ကျော်ရှိတယ်… အဲ့လို ကွင်းပေါင်းက ရာနဲ့ချီ…အခုတော့ နွားစားကျက်တွေ ဖြစ်ကုန်ပြီ…နီးစပ်ရာ ရွာသားတွေက ရေပေးတဲ့ ပလပ်စတစ်ပိုက်တွေကို နှုတ်ပြီး ပိသာချိန်နဲ့ ရောင်းစား ကြတယ်… ။
ကိုယ်တွေက နှမျောလို့
“တရုတ်တွေ ပြန်သွားတော့ဗျာ ကျေးရွာကတာဝန်ရှိသူတွေ ဦးဆောင်ပြီး အခင်းတွေကို ရေတွေသွင်း ပေါင်းမြတ်တွေ ရှင်းထား၊ အသီးကြီးလာရင် ကျနော်တို့ ပြည်တွင်းစားဖို့ ရောင်း၊ပိုမကောင်းဘူးလား” ဆိုတော့…
“မရဘူး အကို…တရုတ်တွေက လူလည်တွေ စိုက်၊ ပေါင်းရှင်း၊ ဆေးဖြန်းသာ မြန်မာတွေ ခိုင်းတာ ဆေး စပ်နည်းတွေ တခြားနည်းစနစ်တွေ ကို ဘယ်သူ့မှ မပြဘူး
အခု ကြည့်လေ… အလုံးတွေ ထက်ခြမ်းကွဲ နေတာသာ ကြည့်… အခု အချိန်က အလုံးမကွဲ ဆေးဖြန်းရမှာ ဆွတ်ချိန်ကလည်း တန်နေပြီ ဆေးမဖြန်း ဆွတ်ချိန်တန် မဆွတ်တော့ အကုန်ကွဲ ပဲ……”
ပိုပြီး အံ့သြဖို့ ကောင်းတာက…
” ခင်ဗျား အခု အခင်းထဲက ကြိုက်တဲ့ အလုံးခူးစား မချိုစေရဘူး..တရုတ်တွေက ဖရဲ ဆွတ်ကာနီး တစ်ပတ်အလိုမှ ချိုတဲ့ ဆေးဖြန်းတာ… အဲ့ဒီတော့မှ ဖရဲသီးတွေက ချိုသွားရော….” တဲ့
ဟုတ်တယ် စားကြည့်တော့ တကယ်လည်း မချိုဘူး။
ဖရဲခင်းကြောင့် ပျက်သွားတဲ့ တောတွေ၊
မြေတစ်နေရာမှာ နှစ်နှစ်စာပဲငှါးပြီး ဆက်မလုပ်၊
ဆေးတွေရဲ့ ဓါတ်ကြွင်းကြောင့် ပျက်စီးသွားမဲ့ မြေဆီလွှာတွေ၊ စိုက်ခင်းထဲမှာ ကျန်ရစ်ခဲ့တဲ့
ပလပ်စတစ် အစတွေ ဘယ်လောက်များရှိမလဲ…… မသိတော့ပါဘူး…။ တစ်နှစ် မြေငှါးရမ်းခ တစ်ဧက ၃၅၀၀၀၀ နဲ့တန် ရဲ့ လား…..
ဘယ်ဘက်က ကြည့်ကြည့် မိအေးတို့ကတော့
နာမွဲ နာဆဲ ပါပဲ….။
ရေးသားတင်ပြသူ-Min Yar