ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်ဟာ စပါးအသင်းကနေ ပေါင်၁၇.၅သန်းနဲ့ အင်တာ မီလန် အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့က အသင်းနဲ့ အတူ ၂၀၂၄ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းမှာ ကျောနံပါတ်၂၄ ဝတ်ဆင်ကစားမှာဖြစ် ပါတယ်။ အင်တာမီလန်ကစားသမားဖြစ်လာခဲ့ပြီးနောက် ပထမဆုံးအင်တာဗျူးအစီအစဉ်မှာတော့ အီတလီမြေကို ပြောင်းရွှေ့လာခဲ့ရတဲ့ခံစားချက်ကို အဲရစ်ဆင်က ထည့်သွင်းပြောပြသွားခဲ့တာဖြစ် ပါတယ်။


အဲရစ်ဆင်က “အင်တာမီလန်ကစားသမားတစ်ဦးဖြစ်လာတဲ့အပေါ်မှာ ပျော်ရွှင်မိပြီး ဒီနေရာက လှပတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော် အသင်းနဲ့ အတူ ကစားဖို့ မစောင့်နိုင်လောက်အောင်ဖြစ်မိ ပါတယ်။ ကျွန်တော်အလွန်စိတ်လူပ်ရှားနေပြီး ပရိသတ်တွေနဲ့ ဆုံဖို့လည်း မစောင့်နိုင်တော့ပါဘူး။ သူတို့ရဲ့နွေးထွေးစွာနဲ့ ကြိုဆိုမူကိုတော့ ကျွန်တော်ရခဲ့ပြီးသားပါ။ တကယ့်ကို နှစ်သက်စရာကောင်းတဲ့ ကြိုဆိုင်မူဖြစ်ခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ကြီးကျယ်ခမ်းနားတယ်လို့ခံစားမိတယ်။

အမှန်တိုင်း ပြောရရင် အချက်အလက်ကိန်းဂဏန်းတွေ အကြောင်းကို ကျွန်တော်ဂရုမစိုက်တက်ပါဘူး။ ဒါပေမယ့် ပရိသတ်တွေကတော့ သဘောကျလေ့ရှိပြီး ကျွန်တော် အင်္ဂလန်မှာ စွမ်းဆောင်နိုင်ခဲ့တာတွေကြောင့် လည်းပါမှာပါ။ အခုချိန်ကတော့ စိန်ခေါ်မူအသစ်တွေနဲ့ ဆုံတွေ့ရတော့မှာပါ။ အင်တာမီလန် လို ထိပ်တန်းအသင်းနဲ့ အတူ စီးရီးအေမှာ လာကစားခွင့် ရခဲ့လို့ အလွန်ပျော်ရွှင်ရပါတယ်” လို့ အဲရစ်ဆင် ကပြောပြသွားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမားအဲရစ်ဆင်ဟာ ရောက်ရောက်ချင်းနေ့မှာပဲ အသင်းနဲ့ အတူလေ့ကျင့် မူ တွေစတင်ပြုလုပ်သွားခဲ့ပါတယ်။ အဲရစ်ဆင်အနေနဲ့ အင်တာမီလန်မှာ ပရီးမီးယားလိဂ် ကစားဖူးခဲ့ သူတွေဖြစ်တဲ့ လူကာကူ၊ဆန်းချက်ဇ်၊အက်ရှ်လေယန်း စတဲ့ ကစားသမားတွေနဲ့ ပြန်လည် တွေ့ဆုံ ခဲ့တာလည်းဖြစ်ပါတယ်။
Jack ( Sports Reader )