အီရန်အစိုးရဟာ ထောင်အတွင်းလူဦးရေထူထပ်သိပ်သည်းမှုကို လျော့ချလိုခြင်း၊ Coronavirus ရောဂါပြန့်ပွားမှုကို ကာကွယ်လိုခြင်းကြောင့် အကျဉ်းသား ၅၄,၀၀၀ ကိုယာယီလွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရားစီရင်ရေး အရာရှိ Gholamhossein Esmaili က လွှတ်ပေးသူတွေကို ရှေးဦးစားရောဂာပိုးစစ်ဆေးစေပါတယ်။

ရောဂါကူးစက်ခံရမှုမရှိမှ ဝန်ခံကတိနဲ့အတူ ယာယီလွှတ်ပေးတာဖြစ်ပါတယ် လို့ သူကပြောပါတယ်။ ဒီထဲမှာ ပြစ်ဒဏ် ငါးနှစ်နှင့်အထက် ကျခံနေရသူတွေမပါဝင်ပါဘူး။ သို့ပေမယ့်လည်း ထောင်ကျနေသူ ဗြိတိန်-အီရန် ကူညီကယ်ဆယ်ရေး ပရဟိတသမား Nazanin ကတော့ ဗြိတိန်နိုင်ငံရဲ့ တောင်းဆိုချက်အရ မကြာမီ လွတ်မြောက်လာဖို့ရှိပါတယ်။
သူမရဲ့ အမျိုးသားဖြစ်သူကတော့ သူ့အမျိုးသမီးထံမှာ ရောဂာကူးစက်ခံနေရနိုင်တယ်လို့ ယူဆပြီး အာဏာပိုင်တွေကလည်း သူမကို ဆေးစစ်ဖို့ အချိန်ဆွဲနေတယ်လို့ ပြောပါတယ်။ သို့ပေမယ့်လည်း ထောင်ဝင်စာ လာတွေ့တဲ့ သူမရဲ့မိသားစုတွေနဲ့ မကြာခဏဆိုသလို ထိတွေ့နေတာကြောင့် သူမရဲ့မိသားစုတွေကို လည်း စောင့်ကြည့်ဖို့လိုနေပါတယ်။

ယခုလက်ရှိအချိန်အထိတော့ ကျန်းကျန်းမာမာရှိနေကြပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ်က သူလျှိုမှုဖြင့် ထောင်ငါးနှစ်ကျခံနေရတာ ဖြစ်ပြီး သူမကိုယ်တိုင်က မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဗြိတန်ကလည်း သူမအပြစ်ကင်းကြောင်း ထောက်ခံခဲ့ပါတယ်။
နိုင်ငံအသီးသီးမှာကူးစက်မှုနှုန်းဟာ ယခုဆိုလျှင် အယောက် ၉၀,၀၀၀ ကျော်ပြီဖြစ်ကာ သေဆုံးသူအရေအတွက်ဟာဆိုရင်တော့ဖြင့် ၃,၁၁၀ ရှိပြီဖြစ်ပါတယ်။ ၎င်းတို့အထဲမှ ၇၇ ယောက်ဟာ အီရန်နိုင်ငံသားတွေဖြစ်ပါတယ်။ ကူးစက်ခံရမှုမှာလည်း တစ်ရက်တည်းနဲ့တင် ထက်ဝက်ချိုးလောက်မြင့်တက်သွားခဲ့ကာ ယခုဆိုလျှင် လူ ၂,၃၃၆ ယောက်ကို ကူးစက်နေပြီဖြစ်ပါတယ်။

အီရန်အာဏာပိုင်တွေလည်းကူးစက်ခံနေရကာ နောက်ဆုံးသတင်းအရ အီရန်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု အကြီးအကဲလည်း ပါဝင်နေတယ်လို့ဆိုပါတယ်။ ၂၉၀ သော အီရန်ပါလီမန်အဖွဲ့ဝင်တွေထဲမှာ ၂၃ ယောက်အကူးစက်ခံနေရပါတယ်။ အီရန်အာဏာပိုင်တွေအနေနဲ့ အမေရိကန်ရဲ့စွပ်စွဲချက်အပေါ် သူတို့အနေနဲ့ ရောဂါစတင်ကူးစက်ခံရတဲ့အချိန်ကစ ပြီး ယခုလက်ရှိအချိန်အထိ ဘာတစ်ခုမျှဖုံးကွယ်ထားခြင်းမရှိပဲ ပွင့်လင်းမြင်သာမှုရှိတယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။

ဒါ့အပြင် အီရန်ကျန်းမာရေးဝန်ကြီး နိုင်ငံတစ်ဝှမ်း ရောဂာစစ်ဆေးခြင်းတွေကို အရှိန်အဟုန်မြှင့်တော့မှာဖြစ်တယ်လို့လည်း ကြေငြာခဲ့ပါတယ်။ သံသယရှိလူနာတွေနဲ့ ဆေးဝါး အကူအညီလိုတဲ့ ဒေသတွေအတွက် ရည်ရွယ်တယ်လို့ လည်းဆိုပါတယ်။ တနင်္လာနေ့က WHO အဖွဲ့ဟာ အီရန်နိုင်ငံကိုရောက်ရှိကာ အီရန်ရဲ့ ရောဂာထိန်းချုပ်ကုသနေမှုတွေကို အကြံပေးကူးညီသွားဖို့ရှိပါတယ်။ ဒါ့အပြင် ကျန်းမာရေး ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေနဲ့ ရောဂာစစ်ဆေးခြင်း ကိရိယာ အစုံ ၁၀၀,၀၀၀ လည်း ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Writer – ZWP ( The Lifestyle Myanmar )
Source: BBC