Sponsored

မတ်လ ၂၈ ရက်နေ့နောက်ဆုံးသတင်းတွေအရ နိုင်ငံအတွင်းအသွားအလာပိတ်ဆို့ကာ ကာကွယ်နေတဲ့ကြားက အီတလီမှာ သေဆုံးသူဦးရေ ၁သောင်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲတဲ့ နှစ်ဒီဇင်ဘာက စတင်ခဲ့တဲ့ ယခုရောဂါကူးစက်မှုဟာ နိုင်ငံအတော်အများကို အရှိန်အဟုန်နဲ့ ထိုးဖောက်ဝင်ရောက်ခဲ့တာ သောကြာနေ့တစ်နေ့တည်း အီတလီရဲ့ ၉၆၉ ဦး သေဆုံးမှုစံချိန်ဟာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ နောက်တစ်နေ့ စနေ့နေ့မှာ သေဆုံးသူ ၈၈၉ ဦးရှိခဲ့ကာ စုစုပေါင်း ၁၀,၀၂၃ ဦးရှိပြီးဖြစ်ပြီး ကူးစက်ခံရသူကတော့ ထပ်တိုး ၅၉၇၄ ဦးအပါအဝင်စုစုပေါင်း ၉၂,၄၇၂ ဦးပါ။

@Getty image

ယခုဆို အီတလီရဲ့ စီးပွားရေးဟာ ယိုင်နဲ့လာပြီး လူတွေလဲ စိတ်အထိခိုက်ဆုံးအချိန်ကို ရင်ဆိုင်နေရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပိတ်ရတာ နဲ့ လူစုလူဝေးရှောင်းရှားခြင်းတွေဟာ လူတွေရဲ့ စိတ်ကို ဖိအားများစေတာပေါ့။ ပြည်သူအကျိုးပြုလုပ်ငန်းလုပ်ဆောင်သူ Angelo Borrelli က ” ကျွန်တော်တို့ အခုလုပ်နိုင်တာက ကျန်ရှိနေတဲ့ရောဂါကူးစက်ခံရသူတွေကို အမြန်ဆုံးသက်သာပျောက်ကင်းအောင်လုပ်ဖို့ပါပဲဗျာ” လို့ဖွင့်ဟလာပါတယ်။

မတ်လ ၂၂ ရက်နေ့လောက်က ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းအနည်းငယ်စီကျသွားတဲ့အတွက် အီတလီရဲ့ ကပ်ဆိုးကြီးပြီးဆုံးတော့မယ်လို့ ထင်ကြေး ပေး ခဲ့ကြပေမယ့် ရုတ်တရက်တဟုန်ထိုး တက်လာတဲ့ အခြေအနေတွေကြောင့် လူတွေပိုမိုစိတ်ဓါတ်ကျကုန်ကြပါတယ်။ အီတလီဝန်ကြီးချုပ် Giuseppe Conte ကလည်း ပြည်သူတွေကို အိမ်မှာ အချိန်အတော်အကြာဆက်နေရမယ့် အခြေအနေတွေကို ကြိုးတွေးထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Sponsored

ဒါ့အပြင် စီးပွားရေးအရကြည့်မယ်ဆို ယခုရောဂါကပ်ဟာ ဥရောပခေါင်းဆောင်တွေကို တော်တော်လေးခေါင်းခဲစေပါတယ်။ အထူးသဖြင့် ဥရောပတောင်ပိုင်းနိုင်ငံတွေဟာ ရောဂါကိုပိုမိုခံစားနေရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး European Union ကို စီးပွားရေးစည်းမျဉ်းတွေနဲ့ ပတ်သတ်ပြီး ဖြေလျော့တာ တွေလုပ်ပေးဖို့တောင်းဆိုနေကြပါတယ်။ အီတလီနောက်က နေ စပိန် နဲ့ ပြင်သစ်အစိုးရတို့ဟာ ပြည်သူတွေရဲ့ အခြေအနေမယိမ်းယိုင်အောင် ထောက်ပံ့နိုင်ဖို့ အကြွေးယူရမယ့်အခြေအနေတွေဖြစ်လာပါပြီ။ ဒါကို ” Corona Bonds” လို့ ခေါ်ပါတယ်။ ယခုအကြွေးယူမယ့်အစီအစဉ်ကို ရောဂါအတွက် ငွေကြေးပိုမိုသုံးစွဲနေရတဲ့ ဂျာမနီနဲ့ နယ်သာလန်ကတော့ လိုလိုလားလားမရှိပါဘူး။ Conte ကတော့ ယခုအစီအစဉ်ကို အကောင်အထည်မဖော်ပဲ ရှိတာနဲ့တောင့်ခံနေမယ်ဆို နောက်ပိုင်းမှာ ဥရောပရဲ့ အခြေအနေတွေပိုမို ထိန်းသိမ်းရခက်လိမ့်မယ်လို့ ထောက်ပြပါတယ်။

@Getty image

ဥရောပတစ်ခုလုံး လာမယ့်လတွေအတွင်း စီးပွားရေးပိုမို ကျဆင်းလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေ သုံးသပ်နေကြပါတယ်။ ဒီအထဲမှာ အီတလီဟာ မတ်လ ၁၂ ရက်နေ့လောက်ကတည်းက စီးပွားရေးဟာ ယိမ်းယိုင်ချင်နေပါပြီ။ ဒါ့ကြောင့် European Union က ခေါင်းဆောင်ပိုင်းတွေကို အစီအစဉ်အမြန်ဆွဲဖို့တောင်းဆိုနေကာ ကြီးမားတဲ့ အမှားမလုပ်မိပါစေနဲ့လို့ သတိပေးပါတယ်။ ဒါ့အပြင် ရောဂါဒဏ်ကို အခံရဆုံးနိုင်ငံအနေနဲ့ ကျွန်တော်တို့ ချီတုံချတုံဖြစ်နေဖို့ အချိန်မဟုတ်ပါဘူးလို့ ပြောပါတယ်။ ယခုအီတလီရဲ့ ထုတ်ပြန်ချက်ဟာ တကယ့်တော့ အလွန်နည်းနေပါသေးတယ်။ ဘာလို့လည်း ဆိုတော့ အချို့သော သက်ကြီးရွယ်အိုတွေဟာ ဆေးရုံမရောက်လိုက်ပဲ အိမ်ထဲမှာပဲ လူမသိသူမသိသေဆုံးနေတာတွေအများကြီးရှိနေပါသေးတယ်။ Conte ကတော့ “ ဥရောပသမိုင်းမှာတော့ ကျွန်တော်တို့ဟာ အဆိုးရွားဆုံးခံစားခဲ့ရတယ်ဆိုတာ သမိုင်းတွင်သွားပါပြီ ” လို့ လည်း ဝမ်းနည်းစွာ
ဖွင့်ဟခဲ့ပါတယ်။

Writer- ZWP
Source- CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *