တနဂ်နွေနေ့ ထုတ်ပြန်ချက်အရ အီတလီနိုင်ငံရဲ့ သေဆုံးမှုဟာ ၂၄ နာရီအတွင်း ၃၆၈ဦးရှိခဲ့ပြီး ဆေးရုံကုတင်နဲ့ အသက်ရှုဖေးကူ ပစ္စည်း တွေပျက်လပ်နေပြီလို့ အစိုးရက တရားဝင်ကြေငြာလိုက်ပြီလို့ သိရပါတယ်။

ဒါကြောင့် စုစုပေါင်းသေဆုံးသူ ၁၈၀၉ ယောက်ရှိပြီလည်းဖြစ်ပါတယ်။ စုစုပေါင်း ကူးစက်ခံရသူ ၂၄,၇၄၇ ရှိပြီဖြစ်တဲ့ အီတလီရဲ့မှတ်တမ်းဟာ အခြားသော ဥရောပနိုင်ငံတွေအတွက် သင်ခန်းစာတစ်ခုလဲဖြစ်နေပါတယ်။
မီလန်မြိုပတ်ဝန်းကျင်က Lombardy ဟာ အီတလီနိုင်ငံအတွင်းအဆိုးရွားဆုံးနေရာဖြစ်ပြီး စုစုပေါင်းသေဆုံးသူ ၁၂၁၈ ဦးရှိပါတယ်။ ဒါကြောင့် ဗာတီကန်စီးတီးမှာ ပြုလုပ်မယ့် ပွဲတော်တချို့ကိုလည်း ရပ်နားထားလိုက်ပါပြီ။
Lombardy အာဏာပိုင်တွေအနေနဲ့လည်း ရောဂါအခြေအနေဒိထက်ဆိုးရွားလာပါက ထပ်တိုးလူနာတွေကို ကယ်ဆယ်ဖို့ အခက်အခဲရှိတယ်လို့လည်း ပြောနေကြပါပြီ။ အကြောင်းကတော့ ဆေး ပစ္စည်း ကိရိယာမလုံလောက်တာပါ။ အဲ့ဒီ ပစ္စည်း တွေရရှိပါက အစွမ်းကုန်ကုသနိုင်မည်ဟု လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မီလန်အာဏာပိုင်တွေက ” ကျွန်တော်တို့မှာ mask တွေပြတ်လပ်နေပါပြီ၊ တရုတ်နိုင်ငံကို mask ရောင်းပေးဖို့အကူအညီတောင်းထားပါတယ်၊ ပထမအသုတ်က သောကြာနေ့က ရောက်ရှိပြီး လိုအပ်တဲ့နေရာတွေကိုဖြန့်ဝေပီးပါပြီ။ နောက်တသုတ်အလာကို စောင့်နေပါတယ်” လို့ပြောကြပါတယ်။
ဒါ့အပြင် ဗင်းနစ်မြို့တော်ဝန်က မြို့သူမြို့သားတွေကို အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့၊ ကျန်းမာရေးအသိရှိကြဖို့ တိုက်တွန်းထားပါတယ်။ ကောင်းကောင်းမလိုက်နာပါက ဥပဒေနဲ့ ချုပ်ကိုင်ရလိမ့်မယ် လို့လည်း သတိပေးထားခဲ့ပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source- CNA