မတ်လ ၁၈ရက်နေ့ မနေ့ညနေပိုင်းသတင်းတွေအရ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါခံစားနေရသူ ၄၇၅ဦး သေဆုံးခဲ့ပြီး ယခုသေဆုံးမှုဟာ မနှစ်က ရောဂါစတင်ဖြစ်ပွားချိန်ကစလို့ ယခုအထိ တစ်ရက်တည်းအများဆုံးသေဆုံးမှုလည်းဖြစ်ပါတယ်။
ယခုသေဆုံးမှုကြောင့် အီတလီနိုင်ငံတွင် စုစုပေါင်း သေ ဆုံးသူ စုစုပေါင်း ၂၉၇၈ ဦးရှိပြီဖြစ်ကာ ကူးစက်ခံရသူ ကတော့ ၃၅,၇၁၃ ဦးဖြစ်ပါတယ်။ လူ ၈သောင်းကျော် ကူးစက်ခံရခဲ့တဲ့ တရုတ်နိုင်ငံမှာတောင် သေဆုံးသူဟာ ၃၀၀၀ ကျော်ပဲရှိခဲ့တာကြောင့် အီတလီနိုင်ငံရဲ့ ရောဂါပြန့်နှံ့မှုနှုန်းနဲ့ ထိန်းချုပ်ကုသမှုတွေကို ပိုမိုဂရုစိုက်သင့်နေပါပြီ။ ဒါ့အပြင် တနင်္ဂနွေနေ့ မှာလည်း အီတလီနိုင်ငံတွင်း သေဆုံးသူ ၃၆၈ ဦးအထိရှိခဲ့တာပါ။

လူသန်း၆၀ နေထိုင်တဲ့အီတလီနိုင်ငံရဲ့ သေဆုံးမှုနှုန်းရဲ့ ၃၄.၂ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဖြစ်တယ်လို့ စစ်တမ်းတွေအရသိရှိရပါတယ်။ မြေထဲပင်လယ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီတလီဟာ တစ်နိုင်ငံလုံးအသွားအလာပိတ်ထားတာ နှစ်ပတ်နီးပါးရှိနေပြီဖြစ်သော်လည်း သေဆုံးမှုနှုန်းက ဆက်လက်မြင့်တက် နေဆဲပါ။
အစိုးရကတည်း ပြည်သူတွေကို ယုံကြည်မှုရှိရှိနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ဖို့ တိုက်တွန်းနေရပါတယ်။ အဓိက ကလက်မလျော့လိုက်ကြဖို့ပါ။
“ ရလဒ်ကောင်းတွေ ပြန်မရခင်မှာ ကျွန်တော်တို့အဆိုးဆုံးတွေကို ရင်ဆိုင်နေရအုံးမှာပါ။ ရက်အနည်းငယ်တော့ကြာပါလိမ့်မယ်။ မျက်ခြေမပျက်စောင့်ကြည့်နေဖို့လိုပြီး အသက်အရွယ်ကြီးရင့်သူတွေကို ပိုဂရုစိုက်ကြဖို့လိုပါတယ်။ ” လို့ အီတလီအမျိုးသားကျန်းမာရေး ဌာနက အကြီးအကဲ Silvio Brusaferro က တီဗီအစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

မတ်လ ၁၂ ရက်နေ့မှာစတင်ခဲ့တဲ့ စီးပွားရေးနဲ့ အသွားအလာပိတ်ဆို့မှုတွေဟာ မတ်လ ၂၅ ရက်နေ့မှာပြီးဆုံးမှာလည်းဖြစ်ပါတယ်။ သို့ပေမယ့် ကျောင်းတွေနဲ့ အားကစားပွဲတွေကိုတော့ April ၃ ရက်နေ့အထိဆက်လက် ပိတ်သွားဖို့ရှိပါတယ်။ အကောင်းဘက် က ကြည့်မယ်ဆိုရင်တော့ သေဆုံးသူတွေရဲ့ သုံးပုံနှစ်ပုံဟာ ရောဂါပြန့်နှံ့မှုပြင်းထန်ခဲ့တဲ့ အီတလီမြောက်ပိုင်း မီလန်မြို့ပတ်ဝန်းကျင်က Lombardy ဒေသမှာဖြစ်လို့ ပိတ်ဆို့မှုတွေက ထိရောက်တယ်လို့ဆိုရပါတယ်။
အီတလီရဲ့ အခြားဒေသတွေကို ကူးစက်မှုနှုန်းကို ထိန်းချုပ်လိုက်နိုင်တာကို ဆိုလိုခြင်းဖြစ်ပါ တယ်။ သေဆုံးမှုရဲ့သုံးပုံတစ်ပုံကတော့ Bologna ဒေသပတ်ဝန်းကျင်ဖြစ်ပြီး သေဆုံးသူ ၄၅၈ ဦးရှိခဲ့ကာ Piedmont ဒေသမှာတော့ ၁၅၄ ဦးဖြစ်ပါတယ်။ ရောမပတ်ဝန်းကျင်က Lazio ဒေသမှာတော့ ကူးစက်ခံရသူ ၇၂၄ ဦးနဲ့သေဆုံးသူ ၃၂ ဦးရှိခဲ့ပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – CNA