ကိုရိုနာဗိုင်းရပ်စ်ကူးစက်/ဖြစ်ပွား/သေဆုံးမှုကိုဆိုးရွား စွာကြုံတွေ့နေသည့် အီတလီတွင် ၂၄ နာရီအတွင်း ၇၉၃ ဦးထပ်မံသေဆုံးခဲ့ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။
မတ် ၂၁ တွင် တစ်ရက်အတွင်း ၇၉၃ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကာ မတ် ၁၈ က သေဆုံးခဲ့သည့် ၄၂၇ ဦး၊မတ် ၂၀ က သေဆုံးခဲ့သည့် ၆၂၇ ဦးတို့ကို ကျော် ဖြတ်ကာ တစ်ရက်အတွင်း သေဆုံးမှု အရေအတွက် စံချိန်သစ် ထပ်မံတင်ရှိသွားခဲ့ခြင်းဖြစ်သည်။

မတ် ၂၁ တွင် ၇၉၃ ဦးသေဆုံးခဲ့ပြီးနောက် နိုင်ငံတစ် ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူစုစုပေါင်း ၄,၈၂၅ ဦးရှိလာသည်။ အဆိုပါ အရေအတွက်မှာ ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးခဲ့သည့် စုစုပေါင်း အရေအတွက်အားလုံး၏ ၃၈.၃% ရှိသည်ဟုလည်း သိရသည်။
ထို့အတူ ၂၄ နာရီအတွင်း၌ပင် ဗိုင်းရပ်စ်ကူးစက်ခံ ထားရသည့် လူနာသစ် ၆,၅၅၇ ဦးကိုထပ်မံတွေ့ရှိခဲ့ကာ တစ်ရက်အတွင်းလူနာသစ်တွေ့ရှိသည့်အရေအတွက် စံချိန်ဖြစ်ခဲ့သည်ဟု ဆိုသည်။ မတ် ၂၁ အထိ အီတလီတွင် ဗိုင်းရပ်စ်ကူးစက်ခံရသု ၅၃,၅၆၈ ဦးရှိနေုပြီဖြစ်သည်။

အီတလီမြောက်ပိုင်း လွန်ဘာဒီဒေသတွင် သေဆုံးသူ အရေအတွက် ၃၀၀၀ ကျော်သွားပြီဖြစ်ပြီး အဆိုပါ ပမာဏမှာ နိုင်ငံတစ်ဝှမ်းလုံးမှ သေဆုံးသူများအားလုံး ၏ ၃ ပုံ,ပုံ ၂ ပုံ ရှိနေသည်။ ပြီးခဲ့သည့် သောကြာနေ့မှစ၍ အီတလီတွင် စုစုပေါင်း ၁,၄၂၀ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
လူဦးရေ သန်း ၆၀ ဝန်းကျင်ရှိသည့် အီတလီတွင် မတ် ၁၂ မှစ၍ ပိတ်ဆို့ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လူစုလူဝေးများကို ပိတ်ပင်ခဲ့သလို စတိုးဆိုင်အများစုပိတ်သိမ်းခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက် ခံရသူနှင့်သေဆုံးသူများ အဆမတန်မြင့်တက်နေခြင်းဖြစ်သည်။
အီတလီနှင့်အိမ်နီးခြင်း ထိစပ်နိုင်ငံတစ်ခုဖြစ်သည့်ပြင်သစ်တွင်လည်း ၂၄ နာရီအတွင်း ၁၁၂ ဦးသေဆုံးခဲ့ကာ ပြင်သစ်၏ တစ်ရက်တာအတွင်း သေဆုံးမှု အရေအတွက် စံချိန်ဖြစ်ခဲ့သည်။ ပြင်သစ်တွင်သေဆုံး သူအရေအတွက် ၅၆၂ ဦးရှိသွားပြီဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆,၁၇၂ ဦးရှိနေသည်။

ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တိုက်ဖျက် နိုင်ရေးအတွက် မျက်နှာဖုံးကာ ၂၅၀ သန်းကို အော်ဒါမှာကြားထားသည်ဟုလည်း ကျန်းမာရေးဝန်ကြီး Olivier Véran က စနေနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးတွင် အဓိကကျသည့် မျက်နှာဖုံး ဝတ်စုံနှင့် ဆေးဘက်ဆိုင် ရာအထောက်အကူပြုပစ္စည်းများ ခိုးယူခံခဲ့ရပြီး ဗိုင်းရပ်စ်ကို ရှေ့တန်းမှ ရင်ဆိုင်တိုက်ခိုက်နေသည့် ကျန်းမာရေးဆိုင်ရာလုပ်သားများတွင် မျက်နှာဖုံးကာ ပြတ် လပ်မှုများကြုံတွေ့နေသည့်အတွက် ၂၅၀ သန်းမှာကြားလိုက်ခြင်းဖြစ်သည်။
ပြင်သစ်ရှိ ကျန်းမာရေးလုပ်သားများကမူ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများထက် ဗိုင်းရပ်စ်ကို ပိုမိုကာကွယ်နိုင် သည်ဟု ယုံကြည်ကြသည့် FFP2 ကျန်းမာရေးသုံးမျက်နှာဖုံးများကို အရေးတကြီး လိုအပ်နေသည်ဟု သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ တောင်းဆိုနေကြသည်။

ပဲရစ်မြို ့တွင် ရုံးချုပ်အခြေစိုက်ပြီး လူသုံးကုန်ဇိမ်ခံအသုံးအဆောင်များကို ထုတ်လုပ်သည့် LVMH ကမူ ပြင်သစ်အစိုးရသို့ မျက်နှာဖုံးကာ သန်း ၄၀ လှူမည် ဟု စနေနေ့က ကြေညာခဲ့သည်။
ပြင်သစ်တွင် အရေးပေါ်လိုအပ်နေသည့် မျက်နှာဖုံးများကို တရုတ်ကုမ္ပဏီတစ်ခုထံမှ မှာကြားလိုက်ခြင်း့ဖြစ်သည်။ ပထမဆုံးအသုတ်အနေဖြင့် လာမည့် ရက် ပိုင်းအတွင်း မျက်နှာဖုံးကာ ၁၀ သန်း ရောက်ရှိလာမည်ဖြစ်ကာ ကျန်းမာရေးနယ်ပယ်သို့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း LVMHက ထုတ်ပြန်ထားသည်။
LVMH ကို ပြင်သစ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် Bernard Arnault က ပိုင်ဆိုင်သည်။ Louis Vuitton & Christian Dior အမှတ်တံဆိပ်များ ထုတ်လုပ်နေပြီး ဆေးရုံများသို့လက်သန့်ဆေးရည်များကိုလည်း အခမဲ့ ဖြန့်ဖြူးပေးနေသည်။ပြင်သစ်သမ္မတမက်ခရွန်းကမူ နိုင်ငံအနေဖြင့် ကပ်ဆိုက်ကာလ၏အစကို ယခုမှ စတင်ကြုံတွေ့ရပြီဟု မတ် ၂၀ က သတိပေးပြောကြားထားသည်။
Source: Daily Mail