စပါးအသင်းဟာ မစ်ဒယ်ဘရော့အသင်းနဲ့ယှဉ်ပြိုင်ကစားသွားခဲ့တဲ့အက်ဖ်အေဖလားတတိယအဆင့် ပွဲစဉ်မှာ ၁ဂိုး စီသရေသာကစားနိုင်ခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူးဟယ်ရီကန်းမပါဝင်နိုင်ခဲ့တဲ့ စပါး အသင်းဟာ မစ်ဒယ်ဘရော့အသင်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီး နောက်ကျချေပဂိုးကြောင့်သာ သေ ရတစ်မှတ်ရခဲ့ပြီး အိမ်ကွင်းမှာ ပြန်လည်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ စပါးနည်းပြမော်ရင်ညိုကတော့ အဆိုပါအက်ဖ်အေဖလားပွဲစဉ်မှာအသုံးပြုခဲ့တဲ့ ဘောလုံးကို ဝေဖန် သွားခဲ့ပြီး အရမ်းပေါ့ပါးလွန်းသဖြင့် ကစားသမားတွေအတွက် အခက်အခဲဖြစ်ခဲ့ရကြောင်းသုံးသပ် သွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုကပြောကြားရာမှာတော့ “ ဘောလုံးက သဲသောင်ပြင်ကန် တဲ့ ဘောလုံးလိုပဲ လို့ကျွန်တော်မြင်တယ်။အရမ်းပေါ့လွန်းတယ်။ဒါက ကစားသမားတွေအတွက် အကူအညီဘာမှမပေးနိုင်ပါဘူး။ ဒါပေမယ့် ဒါက သရေပွဲအတွက်ဆင်ပြေပေးတာတော့မဟုတ် ပါဘူး” လို့မော်ရင်ညိုကပြောပြသွားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး အထောင်တိုက်စစ်မှူးစစ်မပါဝင်နိုင်ခဲ့တာက အသင်းကို အခက်တွေ့စေခဲ့တယ်လို့လည်း မော်ရင်ညိုကဆက်လက်ပြောပြသွားခဲ့ပါတယ်။ “ ကျွန်တော်တို့ ၁ဂိုး ဂိုးမရှိနဲ့ ရူံးနိမ့်နေချိန်မှာ သူတို့ ခံစစ် အတွင်းထဲမှာလည်း တိုးအားရုန်းအားနဲ့ ကစားနိုင်မယ့်တိုက်စစ်မှူးမရှိတာကြောင့် ကျွန်တော်တို့ ဒုက္ခတွေ့ပြီလို့ ခံစားခဲ့ရတယ်။ဒါပေမယ့် ကစားသမားတိုင်းက အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ကြတယ်။ ဂျီယိုဗန်တီလိုဆယ်ဆိုနဲ့ လာမီလာတို့က အသင်းကို အများကြီးကူညီခဲ့တယ်။

အသင်းတစ်သင်းက အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ပဲဖြစ်သင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ နောက်ဆုံးဘောလုံးတွေမှာ ကျွန်တော်တို့ လွဲချော်ခဲ့လို့ အနိုင်မရခဲ့တာပါ။ တိုက်စစ်မှူးမရှိလို့ ဆွမ်နဲ့လူးကပ်စ်ကို တွဲဖက်ကစားဖို့အခွင့်အရေးပေးခဲ့တာပါ။သူတို့က ဟယ်ရီကိန်းနဲ့ မတူတဲ့ ကစားသမားတွေပါ။ နောက်ဆုံးမိနစ်၂ဝမှာကျွန်တော်တို့ အလွန်ကောင်းအောင်ကစားနိုင်ခဲ့ တယ်။ ဒုတိယဂိုးရဖို့ လွဲချော်ခဲ့တာတစ်ခုပဲ ပြောစရာရှိပါတယ်” လို့မော်ရင်ညိုကဆိုခဲ့တာဖြစ်ပါတယ်။
Jack ( Sports Reader )