တရုတ်ဘီလျံနာ ဂျက်မားဟာ အမေရိကန်ပြည်ထောင်စုအတွက် ကိုရိုနာဗိုင်းရပ်စစ်ဆေးရေးကိရိယာ ၅ သိန်းနဲ့ မျက်နှာဖုံး ၁ သန်းကို လှူဒါန်းသွားမယ်လို့ ရိုက်တာသတင်းက မတ်လ ၁၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အလီဘာဘာကုမ္ပဏီရဲ့တွဲဖက်တည်ထောင်သူဖြစ်တဲ့ ဂျက်မားဟာ မကြာမီကပဲ သူ့ရဲ့Ma’s initiative အစီအစဉ်ကနေ ဂျပန်၊ ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ စပိန်တို့ကို ဆေးဝါး နဲ့ အထောက်အကူပစ္စည်းတွေ လှူဒါန်းခဲ့ပါသေးတယ်။

ဒီအဖွဲ့ကတော့ သူ့ရဲ့ကိုယ်ပိုင်ပရဟိတအဖွဲ့အစည်းနဲ့ အလီဘာဘာဖောင်ဒေးရှင်းတို့ကြား ပူးတွဲလုပ်ဆောင်တဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကာကွယ်ရေးမှာ တိကျတဲ့ စမ်းသပ်ရေးကိရိယာတွေနဲ့ တကိုယ်ရည် သုံးပစ္စည်းတွေက ဆေးဘက်ဆိုင်ရာပညာရှင်တွေအတွက် အရေးကြီးကြောင်းလည်း ဂျက်မားက ပြော ပါတယ်။
ဂျက်မားလိုပဲ နည်းပညာလောကရဲ့ ဘီလျံနာတွေထဲမှာ အမေရိကန်ပြည်ထောင်စုမှ မက်ဇူကာဘာ့ဂ်၊ ဘီလ်ဂိတ်စ်တို့ဟာလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ရန်ပုံငွေတွေ အသီးသီး လှူဒါန်းမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်