ကူးစက်မြန် Coronavirus ရောဂါကို ပညာရှင်အချို့က သာမန်အဖျားအသွင်ဖြင့် ကူးစက်မယ်လို့ဆိုနေကြပေမယ့် အသေအပျောက်တွေလည်း များနေပါတယ်။ သို့သော်လည်း ကုမရတဲ့ရောဂါမဟုတ်သလို ပြန်လည်သက်သာလာသူတွေအမြောက်အမြားရှိနေတယ်ဆိုတာပါပဲ။
တချို့ကလည်း သူတို့စတင်ကူးစက်ခံရချိန်က ခွဲခြားဆက်ဆံခံခဲ့ရမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သတ်ပြီး အမှန်တကယ်ကူးစက်ခံခဲ့ရသူ Julie က ယခုလို ပြောပြသွားပါတယ်။

“ ကျွန်မ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ စတင်ဖျားပါတယ်။ အပူချိန်ကတော့ ၃၈.၂ ၊ ၃၈.၅ ပတ်ဝန်းကျင်ဖြစ်နေခဲ့တာပါ။ ကျွန်မအကိုက်အကဲပျောက်နှစ်လုံးသောက်လိုက်တယ်။ နည်းနည်းသက်သာလာတယ်ရှင့်။ ကိုယ်လက်မသည်ချင်သလို နုန်းနေပြီး တနေ့လုံးနီးပါးအိပ်နေခဲ့တာ ကျွန်မ မှတ်မိတယ်။ ဒါပေမဲ့ တစ်ပတ်လောက်အဲ့လို တရှောင်ရှောင်ဖြစ်နေခဲ့တာ။ ဒါ့အပြင် ချောင်းလည်းမဆိုးဘူး နှာလည်းမစေးဘူး။ ပြသနာက ဖေဖော်ဝါရီ ၇ ရက်နေ့မှာစတာ။ မနက်သုံးနာရီလောက်ကြီးနိုးလာပြီး ကျွန်မအခန်းက လည်နေသလိုခံစားခဲ့ရတယ်။ နောက်တစ်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျွန်မရဲ့ဆေးစစ်ချက်အဖြေက ကူးစက်ခံနေရပြီဆိုတာ သေချာတဲ့အတွက် ကျွန်မကို သီးသန့်အခန်းထဲမှာထားပြီး ကုသမှုတွေ စတင်ခဲ့ပါတယ်။ ”
” သီးသန့်ခန်းဆိုတာ ကတော့ နံရံလေးဖက်နဲ့ တံခါးတစ်ချက်ပါတဲ့အခန်းပါပဲ။ ဒါပေမဲ့ကျွန်မ အတွက် အစားအသောက်ကို သီးသန့် တံခါးပေါက်လေးကနေ လာပေးပါတယ်။ ကျွန်မအတွက် ဆေးတွေ လဲလှယ်ဖို့အဝတ်အစားတွေကောပါပဲ။ ကျွန်မ ဖုန်းသုံးခွင့်ရှိပါတယ်။ စာပို့လို့ရတယ်။ video call လို့ရပါတယ်။ တခါတခါ ကျွန်မအထီးကျန်လွန်းလို့ နံရံဟိုဘက်က ကျွန်မနဲ့ ဘဝတူလူနာနဲ့ စကားပြောချင်တာအရမ်းပါပဲ။ တကယ်ရောဂာသည်းတဲ့အချိန်က အသက်ရှူရခက်တာပါ။ တကယ်ပါ ပုံမှန်ဆို ကျွန်မတို့ အသက်ရှူနေတယ်ဆိုတာ သတိမထားမိကြဘူးမလား။ အခုက တော်တော်လေးကို ရုန်းကန်ရပါတယ်။ အဆုတ်က အသက်လေးတစ်ခါရှူဖို့ အလုပ်တွေတော်တော်လုပ်နေရတယ်လို့ထင်ရလောက်အောင်ပါပဲ။ ကျွန်မ ကုတင်ကနေ အိမ်သာကို သွားဖို့တောင် တော်တော်အားယူရပါတယ်။ တကယ်တော့ငါးမီတာလောက်ပဲဝေးတာပါ။ လမ်းလျောက်နိုင်ဖို့က မဟာ အခက်အခဲကြီးပါပဲ။ ဘာလို့လည်းဆိုတော့ တစ်ခါတစ်ခါ အသက်လုံးဝရှူမရတော့လို့လေ။”

” ကျွန်မတစ်ခါမှ မခံရဖူးတဲ့ခံစားချက်ကတော့ အသက်ရှူရခက်တာပါပဲ။ လူအများအာရုံစိုက်နေကြရပေမယ့် ရောဂာအခြေအနေက ရိုးရိုးဖျားနာတာနဲ့တကယ်ကိုတူပါတယ်။ ကျွန်မ ဆေးရုံကိုးရက်တက်ပြီး လုံးလုံးပျောက်ကင်းခဲ့ပါတယ်။ လူအများစုက တကယ်မခံစားရဖူးတဲ့အတွက် တော်တော်ကိုကြောက်နေ ကြတာကို တွေ့ရပါတယ်။ တကယ်တော့ ရောဂာအခြေအနေထက် လျစ်လျူရှုခံရမယ်လို့ထင်တာတွေ ခွဲခြားဆက်ဆံခံရမယ်လို့ ထင်နေတာတွေက သူတို့ကြောက်စိတ်ကို ပိုမိုနိုးကြွစေတာပါလို့ ” ကိုယ်တွေ့ဖြစ်ရပ်ကို ရင်ဖွင့်ပြောကြားခဲ့ပါတယ်။
Writer – ZWP ( The Lifestyle Myanmar )
Source – BBC