Sponsored
ကွင်းလယ်ကစားသမား မက်တွီဒီဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရတဲ့ ဒုတိယမြောက် ဂျူဗင်တပ်စ်ကစားသမား ဖြစ်လာပါတယ်။
အစောပိုင်းက အသင်းနောက်ခံလူ ရူဂါနီဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှာတွေ့ခဲ့တာကြောင့် အသင်းသားတွေအားလုံးကို ဆေးစစ်အပြီး တပတ်အကြာမှာ မက်တွီဒီလည်း ရောဂါကူးစက်ခံထားရကြောင်း ထပ်မံသိရှိရတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ တရားဝင်ကြေညာချက်အရ မက်တွီဒီဟာ ဆိုးရွားတဲ့ အခြေအနေမှာ မရှိဘဲ နေပြန်ကောင်းလာနိုင်မယ့် အလားအလာရှိတယ်လို့ သိရပါတယ်။
Sponsored
အသက် ၃၂ နှစ်အရွယ် မက်တွီဒီဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အဓိကကစားသမားတဦး ဖြစ်ပြီးတော့ အသင်းရဲ့ ပွဲစဉ်အားလုံးမှာ ပါဝင်ကစားပေးထားသူလည်း ဖြစ်ပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်
Sponsored