တရုတ်ပြည်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ကန်းဖန့်မြို့လေးနားရေခဲတောင်သွားတဲ့လမ်းမှာ တရုတ်နံပါတ်နဲ့တရုတ်တွေမောင်းတဲ့ကားတွေ တံခါးမရှိ ဓါးမရှိ ဝင်ထွက်နေကြတယ်။
သယ်သွားတဲ့အရာတွေကလဲအဖိုးတန်တဲ့ မြေရှားလို့ ခေါ်တဲ့သတ္တုတွေ သံ ထုတ်လို့ရတဲ့ ကုန်ကြမ်းတွေ ကျောက်ပြားတွေ ထုတ်တဲ့ ကျောက်တုံးတွေကို တတောင်လုံး လှီးဖြတ်ယူသွားကြတာတွေ…။

ကိုယ်တွေကြတော့ ချောင်းလေးဘဲ ခြားတဲ့ တရုတ်ဘက်ကို ဝင်ဖို့ သက်တမ်းတို Passportလုပ်ရတာတောင် သိပ်အဆင်မပြေဘူး အခက်အခဲတွေနဲ့…။
တရုတ်တွေ ပစ္စည်းသယ်တဲ့လမ်းကိုတော့တရုတ်ကခင်းထားတာ လမ်းကသိပ်မဆိုးဘူး…။

ဘာမှမသယ်တဲ့ လမ်းကတော့စုတ်ပြတ်သတ် နေရောဘဲ…၊ ဒါတောင် အရင်ကဆို လမ်းကသွားလို့ကိုမရတာတဲ့။
အခုNLD အစိုးရတက်လာမှ သုံးရာသီ သွားလို့ရတဲ့လမ်းတွေဖောက် လမ်းတွေချဲ့နေလို့ သိပ်မကြာခင်မှာ လမ်းတွေကောင်းလာတော့မယ်ဆိုပြီး ပြည်သူတွေက ကျေးဇူးတင်နေလေရဲ့။

ကန်းဖန့်မှာ မြန်မာပိုက်ဆံ သုံးလို့မရတာ ရင်နာစရာပါ…။ စျေးရောင်းတဲ့သူတွေ အကုန်လုံးနီးပါးက… မြန်မာစကားတလုံးမှ မတတ်တဲ့တရုတ်တွေ။ သူတို့ကရော နေလာတာကြာပြီဆိုတော့ သူတို့မြေကိုဖြစ်လို့…။
မြန်မာပြည်ထွက် အဖိုးတန် သတ္တုတွေကို တံခါးမရှိ ဓါးမရှိ ထွက်နေတာတွေ ကိုယ့်မြေထဲမှာ သူတို့လူတွေအပြည့်နဲ့…နေချင်သလို နေကြတာတွေ…

ရင်မောရပါဘိ မြန်မာပြည်ရယ်…။