လက်တွန်းလှည်းနဲ့ ထီလက်မှတ်ရောင်းချရင်း ရောင်းဖို့ကျန်ရှိတဲ့ထီလက်မှတ်ငါးစောင်ကနေ ကျပ်သိန်းတစ်သောင်းခွဲကို ကံထူးသွားသူ မန္တလေးမြို့ ဒိုင်တော်ရပ်ကွက်မှာ ထွက်ပေါ်လာပါပြီ။
(၁၃)ကြိမ်မြောက် အောင်ဘာလေထီဆုမဲများကိုယနေ့မတ်(၁)ရက်နံနက်က မဲနှိုက်ဖွင့်လှစ်ခဲ့ရာ ကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့တွင် ထီတွန်းလှည်းဖြင့်ရောင်းချသူက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ကျပ်သိန်းတစ်သောင်းခွဲ ထီဆုပေါက်သူမှာ ကိုအေးမင်းထွန်းနှင့် မအေးခိုင်မိသားစုတို့ဖြစ်ပြီး လကုန်ရက် ထီလက်မှတ် ရောင်းမကုန်သည့် ထီလက်ကျန် (၁၀)စောင်တွဲမှ ကျပ်သိန်းတစ်သောင်းခွဲ ထီဆု ဆွတ်ခူးခြင်းဖြစ်ပြီး ယနေ့ဖွင့်လှစ်သည့် (၁၃)ကြိမ်မြောက် အောင်ဘာလေထီ၏ ကျပ်သိန်းတစ်သောင်းခွဲဆု ပေါက်မဲနံပါတ်မှာ ဠ ၂၇၇၄၆၅ ဖြစ်သည်။
သိန်းတစ်သောင်းခွဲထီပေါက်သူမိသားစုမှာ ပြည်မြို့မှဖြစ်ပြီး မန္တလေးမြို့တွင် အိမ်ငှားနေထိုင်ကာ တွန်းလှည်းဖြင့် ထီရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ထီပေါက်လို့ မိသားစုစီးပွားရေးလေးအဆင်ပြေသွားသလို ထီလုပ်ငန်းနဲ့အကျိုးပေးတဲ့အတွက် ထီဆိုင်ဖွင့်သွားမယ်လို့ ကံထူးရှင် ကိုအေးမင်းထွန်းကဆိုပါတယ်။