မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီ အသင်းဟာ တိုက်စစ်မှူးသစ်ဟာနန်ဒက်စ်နဲ့ ဇန်နဝါရီ ၂၃ရက်က တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အယ်လ်အေဂလက်ဆီ အသင်းဟာ တိုက်စစ်မှူး ဟာနန် ဒက်စ်ကို ဆီဗီလာ အသင်းဆီကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ၃နှစ်စာချုပ် ချူပ်ဆိုခဲ့ ပါတယ်။ ဟာနန်ဒက်ဇ်ဟာ တစ်နှစ်လုပ်ခ ပေါင်၆သန်းရရှိမှာဖြစ်လို့ ပေါင်၄သန်းဝန်းကျင်ရရှိနေတဲ့ ကားလို့စ်ဗီလာနဲ့အယ်တီဒိုးတို့ကို ကျော်ဖြတ်ကာ မေဂျာလိဂ်ရဲ့ လုပ်ခ အများဆုံး ကစားသမား အဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

အသင်းနဲ့တရားဝင်မိတ်ဆက်ပွဲမှာတော့ အရင်ကလို ယုံကြည်မူနဲ့ သွင်းဂိုးတွေပြန်လည် ရယူနိုင်ဖို့ မစောင့်နိုင်လောက်အောင်နေကြောင်းဟာနန်ဒက်ဇ်ကပြောပြသွားခဲ့ပါတယ်။ ဟာနန်ဒက်ဇ်က “ ကျွန် တော် လုပ်ဖို့ လိုအပ်တဲ့အရာကတော့ အသင်းအထွေထွေမန်နေဂျာ ဒမ်နီပြောသလိုပါပဲ။ ပျော်ရွှင်မူ တွေနဲ့ ယုံကြည်မူတွေပြန်လည် တည်ဆောက်ပြီး ဂိုးတွေ အများကြီး သွင်းယူနိုင်ဖို့ပါ။ ဂိုး ၂၀လောက် ဒါမှာမဟုတ် ၁၅ဂိုး ၁၀ဂိုးလည်း သွင်းဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ခြေစွမ်း နဲ့ ချန်ပီယံဆုဖလားရယူဖို့ ကူညီနိုင်ဖို့ကတော့အဓိကပါ။ ကျွန်တော်ဒီကိုလာတာဟာ တစ်ကိုယ် ကောင်း ဆန်ဆန်ကစားဖို့မဟုတ်ပါဘူး။

ဒီ အပြောင်းအရွှေ့မှာ ကျွန်တော့် ကစားသမားဘ၀ အတွက် အလွန်အ ရေးကြီးပြီး အပေါင်းလက္ခဏာဆောင်မူအဖြစ် ရူမြင်ပါတယ်။ မနက်ဖြန်က စပြီး အသင်းနဲ့ အတူ ပူးပေါင်းလေ့ကျင့်ရင်း အကောင်းဆုံးခြေစွမ်းတွေထုတ်ပြသွားချင်ပါတယ်။” ပြောကြားသွားပါတယ်။
အသက်၃၁နှစ်ရှိ မက္ကဆီကို တိုက်စစ်မှူးဟာနန်ဒက်ဇ်ဟာ ၂၀၁၀ ကနေ ၂၀၁၅ခုနှစ်အထိ မန်ယူ အသင်းမှာကစားခဲ့ဖူးပြီး ရီးယဲလ်မက်ဒရစ်၊လီဗာကူဆင်၊ဝက်စ်ဟမ်း၊ဆီဗီလာ အသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အခုနှစ်ဘောလုံးရာသီကမှ ဝက်စ်ဟမ်းကနေ ဆီဗီလာကို ပြောင်းရွှေ့ခဲ့တဲ့ ဟာနန်ဒက်ဇ် ဟာ စပိန်မြေမှာ စုစုပေါင်း၁၅ပွဲ ကစားခဲ့ပြီး ၃ဂိုးသွင်းယူခဲ့ပါတယ်။
Jack ( Sports Reader )