ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ အက်စ်တွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဘရိုက်တန်အသင်း တို့ဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ အာဆင်နယ်နဲ့စပါးတိုက်စစ်မှူးဟောင်းအဒီဘာယောကို ခေါ်ယူဖို့ ကြိုးပမ်းနေကြတယ်လို့သိရပါတယ်။အသက်၃၅နှစ်ရှိ အဒီဘာယောဟာ တူရကီကလပ်ကေ ဆာရစ် စ်ပေါ် အသင်းမှာ နောက်ဆုံးကစားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်ဆီအငှားချထားတဲ့ ကော်တင်ညိုကို အပြီးသတ်ရောင်းချ လို နေတယ်လို့သိရပါတယ်။ ပေါင်၁၀၂သန်းနဲ့ ရောင်းဖို့ သဘောတူညီထားတဲ့ ကော်တင်ညိုကို ဘာစီလိုနာဘက်ကအမြန်ဆုံးရောင်းချလိုနေပြီး ဒဏ်ရာရနေတဲ့ဆွာရက်ဇ်နေရာမှာအစားထိုးမယ့် တိုက်စစ်မှူးတစ်ဦးဝယ်ယူလိုနေတယ်လို့သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဂျရိုမီဘိုတန်ကို အခုနှစ်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွါခွင့်ပေးမှာမဟုတ်ကြောင်း အသိပေးထားတယ်လို့သိရ့ါတယ်။ဂျာမနီ လက်ရွေးစင်ဘိုတန်ကို အာဆင်နယ်နဲ့ အေစီမီလန်အသင်းတွေကခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဝုဗ်ဗာဟမ်တန်အသင်းဟာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းတောင်ပံတိုက်စစ်မှူး ဒယ်နီယယ် ပိုဒမ့်စ်ကို ပေါင်၁၉သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပါတယ်။အသက်၂၄နှစ်ရှိ တောင်ပံတိုက်စစ်မှူး ပိုဒမ့်စ်ဟာ စပို့တင်းလစ္စဘွန်းအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ဝုဗ်အသင်းနည်းပြ နူနိုဆန်းတို့စ် ခေါ်ယူတဲ့ နောက်ထပ်ပေါ်တူဂီကစားသမားဖြစ်ပါတယ်။

အာဆင်နယ်နဲ့ အက်သလက်တီကို အသင်းကခေါ်ယူမယ်ဆိုပြီးသတင်းထွက်ခဲ့တဲ့ ဘရာဇီးကလပ် အက်သလက်တီကို ပါရမ် နိစ်ကွင်းလယ်လူ ဂွီမာရေးဟာ ပြင်သစ်ကလပ်လိုင်ယွန်အ သင်းဆီပြောင်း ရွှေ့သွားပါတယ်။ဘရာဇီးယူ၂၃ လက်ရွေးစင် ဂွီမာရေးကို လိုင်ယွန်က ပေါင်၁၇သန်းပေးချေခဲ့ရ ပြီး ၄နှစ်ခွဲစာချုပ်ခဲ့ပါတယ်။

ဂျူဗင်တပ် ကွင်းလယ်လူ အမ်မရီချန်ဟာ အသင်းကနေ ထွက်ခွာဖို့ သဘောတူညီမူရယူနိုင်ခဲ့ ပြီး နောက် ဒေါ့မွန်အသင်းဆီပြောင်းရွှေ့ဖို့နီးစပ်နေပါတယ်။ ဂျာမနီလက်ရွေးစင် ချန် အတွက် ပေါင် ၂၂သန်းနဲ့ နှစ်ဖက် အသင်းကြား မှာ သဘောတူညီမူရယူနိုင်ခဲ့ပြီးရက်ပိုင်းအတွင်မှာ တရားဝင်စာ ချုပ်ချုပ် ဆိုတော့မယ်လို့သိရပါတယ်။
Jack ( Sports Reader )