လစ်ဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်၂၅ မှာ ဆောက်သမ်တန်အသင်းကို ၄ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာကမန်စီးတီးအသင်းကို ၂၂မှတ်အထိဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
၄၂ပွဲ ဆက်တိုက်ရူံးပွဲမရှိမှတ်တမ်းတစ်ခု ထပ်ပြီးတင်နိုင်ခဲ့တဲ့ လစ်ဗာပူးအသင်းနဲ့ ပတ်သက်ပြီး ကလော့ပ်ကသုံးသပ်ရာမှာတော့ မိမိတို့အသင်းဟာပြီးပြည့်စုံတဲ့အသင်းမဟုတ်သေး ကြောင်း နဲ့ စံချိန်မှတ်တမ်းတွေနဲ့ ပတ်သက်လို့ ဘာမှခံစားချက်မရှိကြောင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်ကို အနိုင်ရအပြီးမှာ ကလော့ပ်ကပြောကြားရာမှာတော့ “ဒီနေ့ပွဲမှာဆိုရင် ဥပမာအား ဖြင့် ဆောက်သမ်တန်အသင်းက ကန်သွင်းချက်တွေ အဆုံးသတ်သွင်းယူမူတွေ အများကြီးရခဲ့ ပါတယ်။ဒါပေမယ့် အလီက အဲဒီကန်သွင်းချက်တွေကို ကာကွယ်သွားနိုင်ခဲ့တယ်။
ကျွန်တော်တို့ဟာ ပြီးပြည့်စုံတဲ့အသင်းမဟုတ်သေးပါဘူး။ ပြီးပြည့်စုံတဲ့အသင်းဖြစ်ဖို့ နီးစပ်မူတောင်မရှိသေးတာပါ။ တစ်ခု တည်းသောအရာကတော့ အဲဒီလိုပြီးပြည့်စုံတဲ့အသင်းမဖြစ်သေးတဲ့အပေါ်မှာလည်း ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံကို ရရှိအောင် ကြိုးပမ်းပြီး ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မူတွေကို အသုံးချဖို့ကြိုးစားရုံပါပဲ” လို့ ကလော့ပ်က ပွဲ အပြီးမှာပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ။” ကောင်လေးတွေအားလုံး အကောင်းဆုံးစွမ်း ဆောင်ခဲ့ကြပြီး ဒီအချိန်ကတော့ အလွန်လှပတဲ့အချိန်ပေါ့။ ဒါကြောင့်လည်း ဒီလိုစံချိန်တွေ ရခဲ့တာပေါ့။ဒါပေမယ့် စံချိန်မှတ်တမ်းတွေကို ကျွန်တော်ဘာမှခံစားမနေပါဘူး။ ကျွန်တော်တို့ အခက်ခဲဆုံးအလုပ်ကို လုပ်ဆောင်နေတာလို့ပဲ ခံစားမိပါတယ်” လို့ ကလော့ပ်ကပြောပြသွား ခဲ့ တာဖြစ်ပါတယ်။
Jack ( Sports Reader )